မျက်နှာလိုက်ခြင်းသည် မကောင်းပေ။ သို့သော် လူသည် မုန့်တစ်လုတ်စာအတွက် အပြစ်ကျူးလွန်တတ်၏။
သူကြီး 18:4 - မြန်မာ့စံမီသမ္မာကျမ်း သူကလည်း “မိက္ခာသည် အကျွန်ုပ်လိုအပ်သောအရာကို ပေး၍ သူ၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်ကိုငှားထားပါသည်”ဟု ပြန်ဖြေလေ၏။ Common Language Bible သူကလည်း``ငါသည်မိက္ခာနှင့်အမှုတစ်ခု အတွက် သဘောတူထားပါသည်။ သူသည်ငါ့ အားအခပေး၍မိမိ၏ယဇ်ပုရောဟိတ် အဖြစ်ဖြင့်ငှားရမ်းထားပါသည်'' ဟုပြန် ပြော၏။ Garrad Bible ထို ထို ဤ ဤ မိ က္ခာ ပြု လုပ်၍ ငါ့ ကို ပ ရော ဟိတ် အ ဖြစ် ငှား ထား လေ ပြီ ဟု ပြန် ဆို လျှင် Judson Bible ထိုသူက၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သောအရာကို ပေး၍ ငါ့ကိုငှားသဖြင့်၊ ငါသည် သူ၏ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော၏။ |
မျက်နှာလိုက်ခြင်းသည် မကောင်းပေ။ သို့သော် လူသည် မုန့်တစ်လုတ်စာအတွက် အပြစ်ကျူးလွန်တတ်၏။
စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
သင်တို့သည် မုယောဆန်လက်တစ်ဆုပ်စာ၊ မုန့်တစ်လုတ်စာရရှိရန် ငါ့လူမျိုးတော်အလယ်တွင် ငါ့ကိုရှုတ်ချကြပြီ။ အလိမ်အညာစကားကိုယုံလွယ်သော ငါ့လူမျိုးတော်တို့ကို လိမ်ညာပြီး မသေသင့်သူကို သေအောင်၊ သေသင့်သူကို မသေအောင် လုပ်ကြပြီတကားဟု မိန့်တော်မူ၏။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူမဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မစင်ကြယ်သောအကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကိုသွန်သင်လျက် မိသားစုများကို အစုလိုက်ချွတ်ချော်လွဲမှားစေကြ၏။
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။
မိက္ခာကလည်း “အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်နှင့်အတူနေထိုင်ပါ။ တစ်နှစ်လျှင် ငွေစတစ်ဆယ်၊ အဝတ်တစ်စုံနှင့်အစားအစာကိုပေးမည်”ဟု ဆိုလျှင် လေဝိလူငယ်သည် အိမ်ထဲသို့ဝင်သွား၏။
မိက္ခာသည် ထိုလေဝိလူငယ်ကို ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ထားသဖြင့် သူသည် မိက္ခာ၏အိမ်၌နေထိုင်လေ၏။
သူတို့သည် မိက္ခာ၏ဝတ်ကျောင်း၌ရှိစဉ် လေဝိလူငယ်၏အသံကို သတိထားမိသဖြင့် သူ့ထံသို့သွား၍ “သင့်ကိုဤအရပ်သို့ မည်သူခေါ်လာသနည်း။ သင်သည် ဤနေရာ၌ ဘာလုပ်နေသနည်း။ သင်သည် အဘယ်ကြောင့်ဤအရပ်၌ရှိနေသနည်း”ဟု မေးမြန်းကြ၏။
ထိုအခါ သူတို့က “ငါတို့သွားနေသောခရီးစဉ် အောင်မြင်မည်၊ မအောင်မြင်မည်ကို သိနိုင်ရန် ဘုရားသခင်ထံမေးလျှောက်ပေးပါလော့”ဟု သူ့အားဆိုလေ၏။