သူတို့သည် ရှိလောမြို့၌ ဘုရားသခင်၏အိမ်တော်တည်နေသည့်ကာလပတ်လုံး မိက္ခာထုလုပ်သောရုပ်တုကို မိမိတို့အဖို့ ထားရှိကြ၏။
ရှိလောမြို့၌ဘုရားသခင်အားဝတ်ပြုကိုး ကွယ်ရာတဲတော်ရှိနေသမျှကာလပတ် လုံး မိက္ခာပြုလုပ်သည့်ရုပ်တုသည်လည်းထို အရပ်၌တည်ရှိနေသတည်း။
မိ က္ခာ ပြု လုပ် ခဲ့ သော ရုပ် ပွား ကား ရှိ လော မြို့ တွင် ဘု ရား သ ခင့် စံ ရာ တော် တည် သ မျှ ကာ လ အ တွင်း တည် ရှိ သ တည်း။
ဘုရားသခင်၏အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသောရုပ်တုကိုလည်း တည်ထောင်ကြ၏။
ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။
“ငါ၏နာမတော် အဦးဆုံးတည်ရာ ရှိလောအရပ်ရှိ ငါကိန်းဝပ်ရာအရပ်သို့ ယခုသွားကြလော့။ ငါ့လူမျိုးတော်ဖြစ်သည့် အစ္စရေးလူမျိုး၏ဆိုးညစ်မှုကြောင့် ထိုအရပ်ကို ငါမည်သို့ပြုခဲ့သည်ကို ကြည့်ကြလော့။
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
လေဝိသားကလည်း “အကျွန်ုပ်သည် ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျား၌ နေထိုင်သူဖြစ်ပါသည်။ အကျွန်ုပ်တို့သည် ယုဒပြည်၊ ဗက်လင်မြို့သို့သွားပြီး ယခုမှာ ယုဒပြည်ဗက်လင်မြို့မှပြန်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသအစွန်အဖျားရှိ ထာဝရဘုရား၏အိမ်တော်သို့ သွားမည်ဖြစ်ပါ၏။ အကျွန်ုပ်တို့ကို မည်သူမျှ အိမ်သို့ မဖိတ်ခေါ်ကြပါ။
တစ်ဖန် သူတို့က “ကြည့်ပါ။ ဗေသလမြို့မြောက်ဘက်၊ ဗေသလမြို့မှရှေခင်မြို့သို့တက်သွားသောလမ်းအရှေ့ဘက်၊ လေဗောနမြို့တောင်ဘက်တွင်ရှိသော ရှိလောမြို့၌ နှစ်စဉ် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပလေ့ရှိ၏”ဟု ဆို၍
ရှိလောသမီးပျိုတို့ထွက်လာ၍ ကခုန်ကြသောအခါ သင်တို့လည်း စပျစ်ခြံတို့မှ ထွက်လာ၍ ရှိလောသမီးပျိုတို့ကို ကိုယ့်မယားအဖြစ် ဖမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ပြန်သွားလော့။
ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန်နှင့် ယဇ်ပူဇော်ရန်အတွက် မိမိနေထိုင်ရာမြို့မှ ရှိလောမြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။ ထိုမြို့တွင် ဧလိ၏သားနှစ်ယောက်ဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ကြ၏။
ထို့နောက် ရှိလောမြို့သို့ လူလွှတ်၍ ခေရုဗိမ်အထက်တွင် စံနေတော်မူသောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ရှိလောမြို့မှ ယူဆောင်လာစေ၏။ ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်နှင့်အတူ လိုက်ပါလာကြ၏။