ထို့ကြောင့် ယာကုပ်သည် သူ၏ဖခင်ဣဇက်ထံချဉ်းကပ်လေ၏။ ဖခင်သည်လည်း သူ့ကိုစမ်းကြည့်ပြီးလျှင် “အသံကား ယာကုပ်၏အသံ၊ လက်ကား ဧသော၏လက်ပါတကား”ဟု ဆို၏။
သူကြီး 18:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မိက္ခာ၏ဝတ်ကျောင်း၌ရှိစဉ် လေဝိလူငယ်၏အသံကို သတိထားမိသဖြင့် သူ့ထံသို့သွား၍ “သင့်ကိုဤအရပ်သို့ မည်သူခေါ်လာသနည်း။ သင်သည် ဤနေရာ၌ ဘာလုပ်နေသနည်း။ သင်သည် အဘယ်ကြောင့်ဤအရပ်၌ရှိနေသနည်း”ဟု မေးမြန်းကြ၏။ Common Language Bible ထိုအိမ်တွင်ရှိနေစဉ်လူတို့သည်လေဝိလူ ငယ်ပြောဆိုသည့်စကားသံကိုသတိထား မိကြသဖြင့် သူ့ထံသို့သွားပြီးလျှင်``သင် သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်နေ ပါသနည်း။ သင့်အားဤအရပ်သို့အဘယ် သူခေါ်ဆောင်လာပါသနည်း'' ဟုမေးကြ၏။ Garrad Bible မိ က္ခာ့ အိမ် အ နီး ရှိ သည့် အ ခိုက် လေ ဝိ ဂိုဏ်း သား လု လင့် စ ကား သံ ကို မှတ် မိ၍ အိမ် တွင်း သို့ လှည့် ဝင် ပြီး လျှင် ဤ အ ရပ် သို့ မည် သူ ခေါ် ခဲ့ သ နည်း။ ဤ တွင် မည် သည့် အ မှု ကို ဆောင် ရွက် သ နည်း။ ဤ နေ ရာ၌ မည် သည့် တာ ဝန် ရှိ သ နည်း ဟု မေး ကြ သော်၊ Judson Bible မိက္ခာအိမ်၌ ရှိစဉ်အခါ၊ လေဝိလုလင်၏ စကားသံကိုမှတ်မိ၍၊ သူ့နေရာသို့ဝင်လျှင်၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့လုပ်၍ နေသနည်းဟုမေးသော်၊ |
ထို့ကြောင့် ယာကုပ်သည် သူ၏ဖခင်ဣဇက်ထံချဉ်းကပ်လေ၏။ ဖခင်သည်လည်း သူ့ကိုစမ်းကြည့်ပြီးလျှင် “အသံကား ယာကုပ်၏အသံ၊ လက်ကား ဧသော၏လက်ပါတကား”ဟု ဆို၏။
‘ဤနေရာ၌ မိမိအတွက်သင်္ချိုင်းဂူထွင်းသောသူ၊ မြင့်ရာအရပ်၌ မိမိ၏သင်္ချိုင်းဂူထွင်းသောသူ၊ ကျောက်ကိုထွင်း၍ မိမိနေရာကိုလုပ်သောသူ သင်သည် ဤနေရာနှင့် မည်သို့ဆိုင်သနည်း။ မည်သူက သင့်ကိုအခွင့်ပေးသနည်း။
ထို့နောက် ခဏကြာလျှင် အနီးတွင်ရပ်နေသောသူတို့သည် ပေတရုထံသို့ ချဉ်းကပ်လာ၍ “အမှန်စင်စစ် သင်သည်လည်း ထိုသူတို့အထဲမှတစ်ယောက်ဖြစ်သည်။ အကြောင်းမူကား သင်၏ပြောဆိုပုံသည် သင့်ကို သိသာထင်ရှားစေသည်”ဟု ဆိုကြ၏။
သူတို့က “ရှိဗောလက်”ဟု ဆိုခိုင်းသည်ကို ထိုသူက အသံထွက်မမှန်ဘဲ “သိဗောလက်”ဟု အသံထွက်မိလျှင် သူ့ကိုဖမ်း၍ ဂျော်ဒန်မြစ်ရေတိမ်ပိုင်း၌ပင် သတ်ပစ်၏။ ထိုစဉ်က ဧဖရိမ်အမျိုးသားတို့ လေးသောင်းနှစ်ထောင် ကျဆုံးလေ၏။
ထို့ကြောင့် နယ်မြေကိုစူးစမ်းရှာဖွေရန် ဒန်အမျိုးသားတို့သည် ဇောရာမြို့၊ ဧရှတောလမြို့ရှိ မိမိတို့မျိုးနွယ်စုအားလုံးထဲမှ ရဲစွမ်းသတ္တိရှိသူငါးယောက်အား “နယ်မြေကို သွားရှာကြလော့”ဟု မှာကြား၍ စေလွှတ်လိုက်၏။ ထိုသူတို့သည် ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာဝတ်ကျောင်းသို့ရောက်၍ ညအိပ်နားကြ၏။
သူကလည်း “မိက္ခာသည် အကျွန်ုပ်လိုအပ်သောအရာကို ပေး၍ သူ၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်ကိုငှားထားပါသည်”ဟု ပြန်ဖြေလေ၏။