သူကြီး 18:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့ရှိ ဒန်မျိုးနွယ်စုထဲမှ လူခြောက်ရာတို့သည် စစ်တိုက်ရန် လက်နက်စွဲကိုင်လျက် ချီတက်သွားရာ Common Language Bible သို့ဖြစ်၍ဒန်အနွယ်ဝင်လူပေါင်းခြောက်ရာ တို့သည် တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ဇောရာမြို့နှင့်ဧရှတောလမြို့တို့မှထွက်ခွာ သွားလေသည်။- Garrad Bible ထို အ ခါ စစ် လက် နက် ဆင် ယင် ပြီး သော ဒန့် အ နွယ် သူ ရဲ ကောင်း ခြောက် ရာ သည် Judson Bible ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသားလူခြောက်ရာတို့သည် စစ်တိုက်လက်နက်ပါလျက် ချီသွားကြ၏။ |
သူသည် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ မဟာနေဒန်အရပ်၌ရှိနေစဉ် ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကို စတင်နှိုးဆော်၏။
သင်တို့ရောက်သွားသောအခါ ကျယ်ဝန်းသောပြည်နှင့် စိတ်အေးလက်အေးနေထိုင်သောလူတို့ကို တွေ့ရလိမ့်မည်။ ဘုရားသခင်သည် လိုလေသေးမရှိ ပြီးပြည့်စုံသောထိုပြည်ကြီးကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ပြန်ပြောကြ၏။
သူတို့သည် ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့အနီးသို့ရောက်သောအခါ စခန်းချကြ၏။ ထို့ကြောင့် ထိုအရပ်ကို မဟာနေဒန် ဟုယနေ့တိုင်အောင် ခေါ်တွင်၏။ ထိုအရပ်သည် ကိရယတ်ယာရိမ်မြို့၏အနောက်ဘက်တွင်ရှိ၏။