အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
သူကြီး 17:12 - မြန်မာ့စံမီသမ္မာကျမ်း မိက္ခာသည် ထိုလေဝိလူငယ်ကို ယဇ်ပုရောဟိတ်အဖြစ် ခန့်အပ်ထားသဖြင့် သူသည် မိက္ခာ၏အိမ်၌နေထိုင်လေ၏။ Common Language Bible မိက္ခာသည်သူ့အားမိမိ၏ယဇ်ပုရောဟိတ်အဖြစ် ဖြင့်ခန့်ထားသဖြင့် သူသည်မိက္ခာ၏အိမ်၌နေထိုင် လေသည်။- Garrad Bible ကိုယ့် ပ ရော ဟိတ် အ ဖြစ် ခန့် ထား သည့် အ တိုင်း မိ က္ခာ့ အိမ်၌ နေ ထိုင် လေ၏။ Judson Bible မိက္ခာသည်လည်း၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသည်အတိုင်း၊ လုလင်သည် ယဇ်ပုရောဟိတ်လုပ်၍ မိက္ခာအိမ်၌ နေ၏။ |
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။
ထာဝရဘုရားက အာရုန်အား “သန့်ရှင်းရာဌာနနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ၊ သင့်ဘိုးဘေး၏အမျိုးအနွယ်များ ခံကြရမည်။ ယဇ်ပုရောဟိတ်အရိုက်အရာနှင့်ပတ်သက်၍ ပြစ်မှားမိသောအပြစ်ကို သင်နှင့်သင်၏သားများ ခံကြရမည်။
လေဝိလူငယ်သည် မိက္ခာနှင့်အတူနေထိုင်ရန်သဘောတူပြီး မိက္ခာ၏သားအရင်းသဖွယ် ဖြစ်လာ၏။
မိက္ခာကလည်း “ငါသည် လေဝိအမျိုးကို ငါ၏ယဇ်ပုရောဟိတ်အဖြစ်ရရှိထားသောကြောင့် ယခုမှာ ထာဝရဘုရားသည် ငါ့ကို ကောင်းစားစေတော်မူမည်ကိုငါသိ၏”ဟု ဆို၏။
ဒန်အမျိုးသားတို့သည် မိက္ခာထံမှယူလာသောရုပ်တုကိုတည်ထား၍ မနာရှေ၏မြေး၊ ဂေရရှုံ၏သား ယောနသန်နှင့်သူ၏သားတို့သည် ထိုပြည်သိမ်းပိုက်ခြင်းခံရသည့်နေ့ရက်တိုင်အောင် ဒန်အမျိုးအနွယ်အတွက် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်ပေးကြ၏။
သူကလည်း “မိက္ခာသည် အကျွန်ုပ်လိုအပ်သောအရာကို ပေး၍ သူ၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်ကိုငှားထားပါသည်”ဟု ပြန်ဖြေလေ၏။