သူကြီး 17:1 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်တောင်ပေါ်ဒေသတွင် မိက္ခာအမည်ရှိသောသူတစ်ဦးရှိ၏။ Common Language Bible အခါတစ်ပါးကမိက္ခာအမည်ရှိသောလူ တစ်ယောက်သည် ဧဖရိမ်တောင်ကုန်းဒေသ တွင်နေထိုင်၏။- Garrad Bible ထို ကာ လ ဧ ဖ ရိမ် ခင် တန်း တွင် နေ ထိုင် သော မိ က္ခာ ခေါ် သူ တစ် ယောက် ရှိ သ တည်း။ Judson Bible မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သားတစ်ယောက် ရှိ၏။ |
တစ်ဖန် နယ်နိမိတ်သည် ထိုတောင်ထိပ်မှ နေဖတောစမ်းရေတွင်းသို့ ကွေ့သွား၍ ဧဖရုန်တောင်ရှိ မြို့များသို့ရောက်၏။ ထိုမှ နယ်နိမိတ်သည် ကိရယတ်ယာရိမ် ခေါ် ဗာလာအရပ်သို့ ကွေ့သွား၏။
သူတို့အား ဧဖရိမ်တောင်ပေါ်ဒေသရှိ ရှေခင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ (ရှေခင်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။)
ဂါရှတောင်၏မြောက်ဘက်၊ ဧဖရိမ်တောင်ပေါ်ဒေသရှိ သူအမွေမြေရထားသော တိမနသေရမြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။
အဘိမလက် သေဆုံးပြီးနောက်တွင် အစ္စရေးလူမျိုးတို့ကို ကယ်တင်ရန် ဣသခါအမျိုးသား၊ ဒေါဒေါ၏မြေး၊ ဖုဝါ၏သားတောလ ပေါ်ထွန်း၏။ သူသည် ဧဖရိမ်တောင်ကုန်း၊ ရှမိရမြို့တွင် နေထိုင်၏။
ရှံဆုန်၏ညီအစ်ကိုများနှင့် ဆွေမျိုးသားချင်းတို့သည် လာ၍အလောင်းကို သယ်သွားပြီးလျှင် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ သူ့ဖခင်မာနော်၏သင်္ချိုင်းတွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ ရှံဆုန်သည် အစ္စရေးလူမျိုးတို့ကို အနှစ်နှစ်ဆယ် စီရင်အုပ်ချုပ်၏။
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။
သူတို့သည် ထိုအရပ်မှ ဆက်ချီတက်လာ၍ ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာအိမ်သို့ ရောက်ကြ၏။
ထို့ကြောင့် နယ်မြေကိုစူးစမ်းရှာဖွေရန် ဒန်အမျိုးသားတို့သည် ဇောရာမြို့၊ ဧရှတောလမြို့ရှိ မိမိတို့မျိုးနွယ်စုအားလုံးထဲမှ ရဲစွမ်းသတ္တိရှိသူငါးယောက်အား “နယ်မြေကို သွားရှာကြလော့”ဟု မှာကြား၍ စေလွှတ်လိုက်၏။ ထိုသူတို့သည် ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာဝတ်ကျောင်းသို့ရောက်၍ ညအိပ်နားကြ၏။
ဧဖရိမ်တောင်ပေါ်သို့ရောက်သောအခါ တံပိုးကိုမှုတ်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း တောင်ပေါ်မှဆင်းလာ၍ သူကဦးဆောင်လျက်