ဧတံ၏သားများမှာ ယေဇရေလ၊ ဣရှမ၊ ဣဒဗတ် တို့ဖြစ်ကြ၍ သူတို့နှမ၏အမည်မှာ ဟာဇလေလပေါနိ ဖြစ်၏။
သူကြီး 15:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယုဒအမျိုးသားသုံးထောင်တို့သည် ဧတံကျောက်ဂူသို့ သွား၍ရှံဆုန်အား “ဖိလိတ္တိလူမျိုးတို့က ငါတို့အား အုပ်စိုးနေသည်ကို သင် မသိသလော။ ယခု ငါတို့၌ သင်မည်သို့ပြုဘိသနည်း”ဟု ဆိုလျှင် ရှံဆုန်က “ငါ့ကို သူတို့ပြုခဲ့သည့်အတိုင်း ငါပြန်ပြုခြင်းသာ ဖြစ်၏”ဟု ပြန်ပြော၏။ Common Language Bible ထိုအခါယုဒပြည်သားလူသုံးထောင်တို့သည် ရှံဆုန်နေသောဧတံကျောက်ဂူသို့သွား၍သူ့ အား``ဖိလိတ္တိအမျိုးသားတို့သည်ငါတို့အား အစိုးရသူများဖြစ်သည်ကိုသင်မသိပါ သလော။ အဘယ်သို့အမှုကိုငါတို့အားသင် ပြုခဲ့ပါပြီနည်း'' ဟုမေးကြ၏။ သူကလည်း``ငါသည်သူတို့ငါ့အားပြုသည် အတိုင်းသာလျှင် သူတို့အားပြုခဲ့ပါ၏'' ဟု ဖြေကြားလေသည်။ Garrad Bible ယု ဒ အ နွယ် သား သုံး ထောင် သည် ဧ တံ ကျောက် ခွက် သို့ ဆင်း သက်၍ ငါ တို့ အ ပေါ် တွင် ဖိ လိ တ္တိ လူ မျိုး အ စိုး ရ ကြောင်း သင် မ သိ ခဲ့ လော။ ငါ တို့၌ သင် ပြု သော အ ရာ ကား မည် သို့ နည်း ဟု မေး ဆို ကြ ၏။ Judson Bible ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင်ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ပြုသနည်းဟုမေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ငါပြုပြီဟု ပြန်ပြော၏။ |
ဧတံ၏သားများမှာ ယေဇရေလ၊ ဣရှမ၊ ဣဒဗတ် တို့ဖြစ်ကြ၍ သူတို့နှမ၏အမည်မှာ ဟာဇလေလပေါနိ ဖြစ်၏။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေမည်။ သင်သည် အောက်၌မနေရဘဲ ထိပ်ဆုံး၌ နေရလိမ့်မည်။ ယနေ့ သင့်အားငါမိန့်မှာသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို နားထောင်၍ လိုက်နာစောင့်ထိန်းလျှင်၊
သင့်တွင်ရှိသော တိုင်းတစ်ပါးသားတို့သည် သင့်ထက် မြင့်သည်ထက်မြင့်သွားလိမ့်မည်။ သင်မူကား နိမ့်သည်ထက်နိမ့်သွားလိမ့်မည်။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အနှစ်လေးဆယ်အပ်လိုက်တော်မူ၏။
ဖိလိတ္တိလူမျိုးတို့ကို ရန်ရှာတိုက်ခိုက်ခွင့်ရအောင် ထာဝရဘုရားပြုတော်မူသည်ကို သူ့မိဘမသိ။ ထိုစဉ်က ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို အုပ်စိုးနေချိန်ဖြစ်၏။
ယုဒအမျိုးသားတို့က “သင်တို့ အဘယ်ကြောင့် ငါတို့ထံ ချီလာကြသနည်း”ဟု မေးသော် သူတို့က “ရှံဆုန်ကို ဖမ်းဆီးရန်လာခြင်းဖြစ်၏။ သူသည် ငါတို့ကို ပြုခဲ့သည့်အတိုင်း ငါတို့ ပြန်ပြုမည်”ဟု ဆိုကြ၏။
သူတို့ကလည်း “ယခု သင့်ကို ဖမ်းပြီး ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်ရန် လာခဲ့ခြင်းဖြစ်၏”ဟု ဆိုသော် ရှံဆုန်က “သင်တို့ကိုယ်တိုင် ငါ့ကိုမသတ်ပါဟု ကျိန်ဆိုလော့”ဟု ဆို၏။