ယုဒအမျိုးတို့သည် ဂါဇမြို့နှင့်ထိုမြို့၏နယ်မြေ၊ အာရှကေလုန်မြို့နှင့် ထိုမြို့၏နယ်မြေ၊ ဧကြုန်မြို့နှင့် ထိုမြို့၏နယ်မြေ စသည်တို့ကို သိမ်းပိုက်လေ၏။
သူကြီး 14:19 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ် ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူသည် အာရှကေလုန်မြို့သို့ဆင်းသွား၍ မြို့သားအယောက်သုံးဆယ်ကိုရိုက်သတ်ကာ သူတို့၏အဝတ်အစားများကိုချွတ်ယူပြီး စကားထာအဖြေကို ပြောပြနိုင်သောသူတို့အား ပေးလေ၏။ ထို့နောက် သူသည် အမျက်ထွက်လျက် ဖခင်အိမ်သို့ပြန်သွားလေ၏။ Common Language Bible ထာဝရဘုရား၏တန်ခိုးတော်သည်ရှံဆုန် အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ သဖြင့် သူသည်အာရှကေလုန်မြို့သို့သွား ပြီးလျှင်လူသုံးဆယ်ကိုသတ်၍ ဝတ်ကောင်း စားလှများကိုချွတ်ယူကာစကားထာ ကိုဖော်ပြသောသူတို့အားပေးအပ်လိုက်၏။ ထိုနောက်သူသည်အမျက်ထွက်၍မိမိအိမ် သို့ပြန်သွားလေသည်။- Garrad Bible ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် အ ဆော တ လျင် သက် ရောက် သည် နှင့် အာ ရှေ ကေ လုန် မြို့ သို့ ဆင်း သွား၍ မြို့ သား သုံး ဆယ် ကို သတ် ဖြတ် လုယက် သ ဖြင့် စ ကား ထာ ဖော် သူ တို့ အား အ ဝတ် စုံ များ ပေး အပ် ပြီး နောက် အ မျက် ထွက် လျက် အ ဘ အိမ် သို့ ပြန် သွား လေ ၏။ Judson Bible ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည် အာရှကေလုန်မြို့သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကိုလုယူ၍ စကားဝှက်အနက်ကို ဖော်ပြသောသူတို့အား အဝတ်စုံတို့ကိုပေးပြီးမှ၊ အမျက်ထွက်၍ မိမိအဘအိမ်သို့ ပြန်သွားလေ၏။ |
ယုဒအမျိုးတို့သည် ဂါဇမြို့နှင့်ထိုမြို့၏နယ်မြေ၊ အာရှကေလုန်မြို့နှင့် ထိုမြို့၏နယ်မြေ၊ ဧကြုန်မြို့နှင့် ထိုမြို့၏နယ်မြေ စသည်တို့ကို သိမ်းပိုက်လေ၏။
သူသည် ဇောရာမြို့နှင့် ဧရှတောလမြို့ကြားရှိ မဟာနေဒန်အရပ်၌ရှိနေစဉ် ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကို စတင်နှိုးဆော်၏။
ထိုမြို့သားတို့သည်လည်း ခုနစ်ရက်မြောက်နေ့၊ နေမဝင်မီ ရှံဆုန်အား “ပျားရည်ထက် မည်သည့်အရာက ချိုသနည်း။ ခြင်္သေ့ထက် မည်သည့်အရာက ခွန်အားကြီးသနည်း”ဟု ဆိုကြ၏။ ရှံဆုန်ကလည်း သူတို့အား “ငါ၏နွားမတမ်းနှင့်မထွန်လျှင် ငါ့စကားထာ၏အဖြေကို သင်တို့ပြောပြနိုင်မည်မဟုတ်”ဟု ပြန်ပြောလေ၏။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်ထဲ၌ဘာမျှမပါသော်လည်း ဆိတ်သငယ်တစ်ကောင်ကိုဆွဲဖျက်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖျက်လေ၏။ ထိုသို့ပြုခဲ့သည်ကို မိဘတို့အားမပြောပြဘဲနေ၏။
ရှံဆုန်သည် လေဟိအရပ်သို့ရောက်လာသောအခါ ဖိလိတ္တိလူမျိုးတို့သည် သူ့ကိုတိုက်ခိုက်ရန် ကြွေးကြော်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်၌ချည်နှောင်ထားသောကြိုးတို့သည် မီးကျွမ်းသွားသောချည်ကြိုးကဲ့သို့ဖြစ်ပြီး ထိုလက်၌ ချည်ထားသောကြိုးတို့ ပြေသွားလေ၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ဩသံယေလအပေါ် သက်ရောက်တော်မူသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။ စစ်ချီသောအခါ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးကို သူ့လက်သို့ ထာဝရဘုရားအပ်တော်မူသဖြင့် သူသည် ခုရှံရိရှသိမ်မင်းကြီးကို နိုင်လေ၏။
ထိုစကားတို့ကို ရှောလုကြားသည်နှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ် သက်ရောက်၏။ သူသည် ပြင်းစွာအမျက်ထွက်လျက်
ထာဝရဘုရားထံ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဖိလိတ္တိလူမျိုးတို့ ပို့လိုက်သော ရွှေပလိပ်နာဖုအရုပ်များမှာ အာဇုတ်မြို့အတွက် တစ်ခု၊ ဂါဇမြို့အတွက် တစ်ခု၊ အာရှကေလုန်မြို့အတွက် တစ်ခု၊ ဂါသမြို့အတွက် တစ်ခု၊ ဧကြုန်မြို့အတွက် တစ်ခုဖြစ်၏။
ဖိလိတ္တိလူမျိုးတို့ကလည်း “မည်သည့်အပြစ်ဒဏ်ဖြေရာယဇ်ဖြင့် ပို့လိုက်ရမည်နည်း”ဟု မေးလျှင် သူတို့က “ဖိလိတ္တိမင်းအရေအတွက်နှင့်အညီ ရွှေပလိပ်နာဖုအရုပ်ငါးခုနှင့် ရွှေကြွက်ရုပ်ငါးခုကို ထုလုပ်၍ ပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့၏မင်းများ ခံစားရသောရောဂါမှာ တစ်မျိုးတည်းဖြစ်၏။