ထို့ကြောင့် လူသည် မိသားစုထဲမှ မိမိ၏ညီအစ်ကိုကို ကိုင်ဆွဲပြီး “သင်၌ အဝတ်အစားရှိသေး၏။ ငါတို့ကို ဦးဆောင်ပေးပါ။ ဤအပျက်အစီးများကို သင်အုပ်စိုးပါ”ဟု ဆိုလိမ့်မည်။
သူကြီး 11:6 - မြန်မာ့စံမီသမ္မာကျမ်း သူတို့က ယေဖသအား “လာပါ။ ငါတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်နိုင်ရန် ငါတို့ကို ဦးဆောင်ပါ”ဟု ဆိုကြ၏။ Common Language Bible သူ့အား``အမ္မုန်အမျိုးသားများကိုတိုက်ခိုက် ရန် ငါတို့အားဦးဆောင်ပါ'' ဟုပြောကြား ကြ၏။ Garrad Bible အ မ္မုန် အ မျိုး သား တို့ နှင့် ကျွန် တော် တို့ စစ် ပြိုင် နိုင် ရန် လိုက်၍ ဗိုလ် မှူး လုပ် ပါ ဟု တောင်း ပန် ကြ ရာ Judson Bible ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း၊ လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်းလုပ်ပါဟု မှာလိုက်သော်၊ |
ထို့ကြောင့် လူသည် မိသားစုထဲမှ မိမိ၏ညီအစ်ကိုကို ကိုင်ဆွဲပြီး “သင်၌ အဝတ်အစားရှိသေး၏။ ငါတို့ကို ဦးဆောင်ပေးပါ။ ဤအပျက်အစီးများကို သင်အုပ်စိုးပါ”ဟု ဆိုလိမ့်မည်။
ထိုအခါ အမ္မုန်အမျိုးသားတို့သည် ဂိလဒ်ပြည်တွင် စုရုံးစခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့တွင် စုရုံးစခန်းချကြ၏။
ထိုသို့ အမ္မုန်အမျိုးသားတို့သည် အစ္စရေးလူမျိုးများကို တိုက်ခိုက်လာသောအခါ ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့သည် တောဘပြည်၌နေသော ယေဖသကို သွားခေါ်ကြ၏။
ယေဖသကလည်း ဂိလဒ်ပြည်သက်ကြီးဝါကြီးတို့အား “သင်တို့သည် ငါ့ကိုမုန်း၍ ငါ့ဖခင်၏အိမ်မှ ငါ့ကိုနှင်ထုတ်ခဲ့ကြသည်မဟုတ်လော။ ယခု သင်တို့ဒုက္ခရောက်မှ အဘယ်ကြောင့် ငါ့ထံလာကြသနည်း”ဟု ပြန်ပြော၏။