သူကြီး 11:39 - မြန်မာ့စံမီသမ္မာကျမ်း
နှစ်လပြည့်သောအခါ သူသည် ဖခင်ထံပြန်လာ၏။ ဖခင်သည်လည်း မိမိကတိသစ္စာပြုသည့်အတိုင်း သမီး၌ ပြုလေ၏။ သူသည် ယောက်ျားနှင့်မဆက်ဆံဖူးသောအပျိုစင်ဖြစ်၏။ ဤသို့ဖြင့် အစ္စရေးလူမျိုးတို့တွင် ဓလေ့တစ်ခုဖြစ်လာလေ၏။
အခန်းကိုကြည့်ပါ။
နှစ်လမျှကြာသောအခါသူသည်မိမိ၏ ဖခင်ထံသို့ပြန်လာလေသည်။ ဖခင်သည် လည်းထာဝရဘုရားအားမိမိသစ္စာကတိ ပြုထားသည့်အတိုင်းပြုသဖြင့် သူငယ်မ သည်အပျိုစင်အဖြစ်နှင့်ပင်လျှင်ဘဝ ဆုံးရလေတော့၏။ ဤအဖြစ်အပျက်ကြောင့်၊-
အခန်းကိုကြည့်ပါ။
နှစ် လ စေ့ သော အ ခါ အ ဖ ထံ ပြန် လာ လျှင်၊ သ စ္စာ ဆို မိ သည့် အ လျောက် လင် ကင်း သေး သော ထို သ မီး ကို စီ ရင် လေ၏။ ထို နောက် ဣ သ ရေ လ အ မျိုး သ မီး တို့ သည် တစ် နှစ် လျှင် တစ် ကြိမ်၊ လေး ရက် အ တွင်း ဂိ လဒ် အ နွယ် ယေ ဖ သ၏ သ မီး ပျို အ တွက် အောက် မေ့ ခြင်း ပွဲ ပြု လုပ် သော ထုံး စံ ဖြစ် လေ၏။
အခန်းကိုကြည့်ပါ။
နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ၍၊ အဘသည် သစ္စာကတိရှိသည်အတိုင်းပြုလေ၏။ ထိုမိန်းမသည် ယောက်ျားနှင့် မဆက်ဆံသောသူဖြစ်၏။
အခန်းကိုကြည့်ပါ။