အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ကာဒေရှအရပ်မှ ခရီးပြုကြရာ ဟောရတောင်သို့ရောက်လာကြ၏။
သူကြီး 11:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုမှ ဧဒုံပြည်၊ မောဘပြည်ကိုရှောင်ကွင်း၍ တောကန္တာရကိုဖြတ်ကာ မောဘပြည်အရှေ့ဘက်သို့ရောက်သောအခါ အာနုန်ချောင်းတစ်ဖက်၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏နယ်နိမိတ်ဖြစ်သောကြောင့် သူတို့သည် မောဘနယ်နိမိတ်ထဲကို မဝင်ခဲ့ကြ။ Common Language Bible ထိုနောက်သူတို့သည်ဧဒုံပြည်နှင့်မောဘ ပြည်တို့ကိုပတ်၍သဲကန္တာရကိုဖြတ်ပြီး လျှင် မောဘပြည်၏အရှေ့ဘက်၊ အာနုန်မြစ် တစ်ဘက်ကမ်းသို့ရောက်ရှိလာသောအခါ ထိုအရပ်တွင်စခန်းချကြ၏။ အာနုန်မြစ် သည်မောဘပြည်၏နယ်နိမိတ်ဖြစ်သဖြင့် ထိုမြစ်ကိုသူတို့မကူးမဖြတ်ကြ။- Garrad Bible သဲ က န္တာ ရ ကို လျှောက် လျက်၊ ဧ ဒုံ ပြည် နှင့် မော ဘ ပြည် များ ကို ကွင်း၍ မော ဘ ပြည့် အ ရှေ့ ဘက် လှည့် သွား ပြီး မှ အာ နုန် ချောင်း တစ် ဖက် တွင် စ ခန်း ချ ရ ကြ၏။ အာ နုန် ချောင်း သည် မော ဘ ပြည်၏ နယ် ခြား ဖြစ် သည့် အ လျောက် ၎င်း ပြည် အ တွင်း တွင် မ ဝင် မ ရောက် ကြ ချေ။ Judson Bible နောက်တစ်ဖန် တောကိုလျှောက်လျက်၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း၍ မောဘပြည်အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တစ်ဖက်၌ တပ်ချကြ၏။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြား ဖြစ်သတည်း။ |
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ကာဒေရှအရပ်မှ ခရီးပြုကြရာ ဟောရတောင်သို့ရောက်လာကြ၏။
ဗာလက်မင်းကြီးသည် ဗာလမ်လာကြောင်းကြားသောအခါ မိမိနယ်မြေအစွန်အဖျား၊ အာနုန်ချောင်းအနီးရှိ မောဘပြည်၏မြို့တစ်မြို့၌ သူနှင့်တွေ့ဆုံရန် ထွက်လာ၏။
ထ၍ ခရီးပြုကြလော့။ အာနုန်ချောင်းကိုကူးသွားလော့။ အာမောရိလူမျိုးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် သူ၏ပြည်ကို သင်တို့လက်သို့ ငါအပ်ပြီ။ သူ့ပြည်ကိုစတင်သိမ်းပိုက်လော့။ သူ့ကိုရန်စ၍ တိုက်ခိုက်လော့။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။