အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။
သူကြီး 11:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးလူမျိုးတို့သည် ဧဒုံဘုရင်ထံ တမန်များကိုစေလွှတ်၍ “အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ”ဟု ခွင့်တောင်းသော်လည်း ဧဒုံဘုရင်သည် နားမထောင်။ မောဘဘုရင်ထံလည်း တမန်များကို စေလွှတ်၏။ သူသည်လည်း ခွင့်မပြုဘဲနေ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကာဒေရှအရပ်၌သာ နေကြရ၏။ Common Language Bible ထိုအခါသူတို့သည်ဧဒုံဘုရင်ထံသို့စေ တမန်များကိုလွှတ်၍ ဧဒုံပြည်ကိုဖြတ်သွား ခွင့်ပြုရန်လျှောက်ထားကြ၏။ သို့ရာတွင်ဧဒုံ ဘုရင်ကခွင့်ပြုတော်မမူ။ သူတို့သည်မောဘ ဘုရင်အားလည်းထိုနည်းတူလျှောက်ထားကြ ပြန်၏။ ထိုဘုရင်ကလည်းခွင့်မပြုချေ။ သို့ ဖြစ်၍ဣသရေလအမျိုးသားတို့သည်ကာ ဒေရှမြို့တွင်နေထိုင်ရကြ၏။- Garrad Bible ဧ ဒုံ ဘု ရင့် ထံ သံ တ မန် များ ကို စေ လွှတ်၍၊ ကိုယ် တော်၏ ပြည် ကို ဖြတ် သွား ပါ ရ စေ ဟု ခွင့် ပန် သော် လည်း၊ ထို ဘု ရင် မင်း သည် မ နာ မ ယူ။ ထို နည်း တူ မော ဘ ဘု ရင့် ထံ စေ လွှတ် ပြန် ရာ၊ အ ခွင့် မ ရ သ ဖြင့် ဣ သ ရေ လ လူ မျိုး တို့ သည် ကာ ဒေ ရှ မြို့ တွင် ဆိုင်း ငံ့ နေ ရ ပြီး လျှင် Judson Bible ဧဒုံရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ မင်းကြီးပြည်ကို လျှောက်သွားပါရစေဟု အခွင့်တောင်းသော်လည်း၊ ဧဒုံရှင်ဘုရင်သည် နားမထောင်။ ထိုနည်းတူ မောဘရှင်ဘုရင်ထံသို့ စေလွှတ်၍၊ သူသည်လည်း အခွင့်မပေးသောကြောင့်၊ ဣသရေလအမျိုးသည် ကာဒေရှရွာ၌ နေရကြ၏။ |
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။
ထို့နောက် ဇိဖော်၏သား၊ မောဘဘုရင်ဗာလက်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ထ၍တိုက်ခိုက်၏။ သူသည် ဗောရ၏သားဗာလမ်ကို လူလွှတ်ခေါ်၍ သင်တို့အား ကျိန်ဆဲစေ၏။