ထိုသူ၌ မြည်းအကောင်သုံးဆယ်ကို ကိုယ်စီစီးခွင့်ရှိသော၊ မြို့ကို ကိုယ်စီအပိုင်စားရသော သားအယောက်သုံးဆယ် ရှိ၏။ ထိုမြို့တို့သည် ဂိလဒ်ပြည်တွင်ရှိပြီး ယနေ့တိုင်အောင် “ဟာဝုတ်ယာဣရ”ဟု ခေါ်ဆိုကြ၏။
သူ၌မြည်းတစ်ကောင်စီစီးသောသားသုံးကျိပ် ရှိ၏။ သူတို့သည်ဂိလဒ်ပြည်တွင်မြို့ပေါင်းသုံး ဆယ်ကိုအပိုင်စားရရှိကြလေသည်။ ထိုမြို့ တို့သည်`ယာဣရရွာများ' ဟူ၍ယနေ့တိုင် အောင်နာမည်တွင်လျက်ရှိနေသေးသတည်း။-
သား သုံး ကျိပ် တို့ သည် မြည်း ပျို တစ် ကောင် စီ စီး နင်း၍ ဂိ လဒ် ပြည် တွင် ယ နေ့ တိုင် အောင် ဟာ ဝုတ် ယာ ဣ ရ အ မည် တွင် သော မြို့ တစ် မြို့ စီ ကံ ကျွေး ပြု၏။
ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
ရှင်ဘုရင်က ဇိဘအား “ဤအရာများကား အဘယ်အတွက်နည်း”ဟု မေးတော်မူလျှင် ဇိဘက “မြည်းများကား အရှင်မင်းကြီးနှင့် အိမ်သူအိမ်သားတို့ စီးဖို့၊ မုန့်နှင့် နွေရာသီသီးနှံများကား ငယ်သားတို့စားဖို့၊ စပျစ်ဝိုင်ကား ကန္တာရတွင် မောပန်းသူတို့ သောက်ဖို့ ဖြစ်ပါ၏”ဟု လျှောက်တင်၏။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
မနာရှေအမျိုးယာဣရသည်လည်း ဂိလဒ်ပြည်၏မြို့ငယ်များသို့ သွား၍ သိမ်းယူပြီးလျှင် ဟာဝုတ်ယာဣရဟု မှည့်ခေါ်လေ၏။
မနာရှေအမျိုး ယာဣရသည် ဂေရှုရိလူမျိုးနှင့်မာခါသိလူမျိုးတို့၏နယ်နိမိတ်တိုင်အောင် အာဂေါဘနယ်မြေတစ်ဝန်းလုံးဖြစ်သော ဗာရှန်ပြည်ကိုသိမ်းယူ၍ မိမိ၏အမည်ဖြင့် ဟာဝုတ်ယာဣရ ဟုယနေ့တိုင်အောင် မှည့်ခေါ်လေ၏။)
တောလသေဆုံးပြီးနောက် ဂိလဒ်အနွယ် ယာဣရပေါ်ထွန်း၍ အစ္စရေးလူမျိုးတို့ကို နှစ်ပေါင်းနှစ်ဆယ့်နှစ်နှစ် စီရင်အုပ်ချုပ်လေ၏။
ယာဣရသေဆုံး၍ ကာမုန်မြို့၌ သူ့ကို သင်္ဂြိုဟ်၏။
ထိုသူ၌ မြည်းအကောင်ခုနစ်ဆယ်ကို ကိုယ်စီစီးခွင့်ရှိသော သားအယောက်လေးဆယ်၊ မြေးအယောက်သုံးဆယ် ရှိ၏။ သူသည် အစ္စရေးလူမျိုးတို့ကို ရှစ်နှစ်စီရင်အုပ်ချုပ်၏။
သားရေကုန်းနှီးပေါ်ထိုင်၍ မြည်းဖြူကိုစီးသောသူတို့နှင့် လမ်း၌သွားလာသောသူတို့၊ စဉ်းစားဆင်ခြင်ကြလော့။