ဤသို့ဖြင့် ထာဝရဘုရားသည် ထိုနေ့၌ အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်တင်တော်မူ၏။ အီဂျစ်လူမျိုးတို့မူကား ပင်လယ်ကမ်းစပ်၌ အတုံးအရုံးလဲသေနေသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ရလေ၏။
သူကြီး 10:11 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကလည်း အစ္စရေးအမျိုးသားတို့အား “အီဂျစ်လူမျိုး၊ အာမောရိလူမျိုး၊ အမ္မုန်လူမျိုး၊ ဖိလိတ္တိလူမျိုးတို့လက်မှ သင်တို့ကို ငါကယ်တင်ခဲ့သည် မဟုတ်လော။ Common Language Bible ထာဝရဘုရားကဤသို့ပြန်၍မိန့်ကြား တော်မူ၏။ ``အတိတ်ကာလကအီဂျစ်အမျိုး သား၊ အာမောရိအမျိုးသား၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိအမျိုးသား၊- Garrad Bible ထာ ဝ ရ ဘု ရား က၊ အိ ဂျစ်၊ အာ မော ရိ၊ အ မ္မုန်၊ ဖိ လိ တ္တိ လူ မျိုး တို့ လက် မှ လည်း ကောင်း၊ Judson Bible ထာဝရဘုရားကလည်း၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ၊ အာမောရိလူ၊ အမ္မုန်လူ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်သည် မဟုတ်လော။ |
ဤသို့ဖြင့် ထာဝရဘုရားသည် ထိုနေ့၌ အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်တင်တော်မူ၏။ အီဂျစ်လူမျိုးတို့မူကား ပင်လယ်ကမ်းစပ်၌ အတုံးအရုံးလဲသေနေသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ရလေ၏။
ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူ တစ်စုံတစ်ယောက်မျှမရှိသည့်တိုင်အောင် ရှင်ဘုရင်နှင့်သူ့သားများမှစ၍ သူ့လူအပေါင်းတို့ကို တိုက်ခိုက်ပြီးလျှင် သူ၏ပြည်ကို သိမ်းပိုက်လေ၏။
အစ္စရေးအမျိုးသားတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သောမြေကဲ့သို့ဖြတ်သွားကြ၏။ ထိုနည်းတူပြုရန် ကြံစည်အားထုတ်သောအီဂျစ်အမျိုးသားတို့သည် နစ်မြုပ်ကြကုန်၏။
သူတို့သည် အီဂျစ်ပြည်မှ မိမိတို့ကိုထုတ်ဆောင်တော်မူခဲ့သည့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ပြီး မိမိတို့ပတ်လည်ရှိလူမျိုးတို့၏ဘုရားများနောက်သို့လိုက်၍ ထိုဘုရားများကိုရှိခိုးကိုးကွယ်ခြင်းဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်ကြ၏။
“ငါ့နောက် လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူပြီ”ဟု ဆို၏။ သူတို့သည်လည်း ဧဟုဒနောက်သို့လိုက်၍ မောဘပြည်သို့ကူးသော ဂျော်ဒန်မြစ်ရေတိမ်ပိုင်းတို့ကို သိမ်းပိုက်ပြီး မည်သူ့ကိုမျှ ဖြတ်ကူးခွင့်မပြုကြပေ။
ဧဟုဒနောက်တွင် အာနတ်၏သား ရှံဂါပေါ်ထွန်း၍ သူသည် ဖိလိတ္တိလူမျိုးခြောက်ရာကို နွားနှင်တံဖြင့် သတ်၍ အစ္စရေးလူမျိုးတို့ကို ကယ်တင်ခဲ့၏။
ယာကုပ်သည် အီဂျစ်ပြည်သို့ ရောက်သွားပြီးနောက် သင်တို့၏ဘိုးဘေးတို့သည် ထာဝရဘုရားထံ အော်ဟစ်ကြ၏။ ထိုအခါ ထာဝရဘုရားသည် မောရှေနှင့်အာရုန်ကို စေလွှတ်တော်မူ၍ သူတို့သည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ဤအရပ်တွင် နေထိုင်စေ၏။