ယောသပ်သည် သူတို့နှင့်အတူ ဗင်္ယာမိန်ကိုမြင်သောအခါ မိမိအိမ်ထိန်းအား “ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ တိရစ္ဆာန်ကိုသတ်၍ပြင်ဆင်ချက်ပြုတ်ထားလော့။ ဤသူတို့သည် ငါနှင့်အတူ နေ့လယ်စာ စားသောက်ကြလိမ့်မည်”ဟု မှာကြားလေ၏။
သုတ္တံကျမ်း။ 9:2 - မြန်မာ့စံမီသမ္မာကျမ်း မိမိတိရစ္ဆာန်ကိုသတ်လေပြီ။ စပျစ်ဝိုင်ကိုရောစပ်၍ စားပွဲကိုတည်ခင်းလေပြီ။ Common Language Bible သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။ Garrad Bible ဟင်း ကောင် များ ကို စီ ရင် လျက် စ ပျစ် ရည် ကို ရော စပ်၍ စား ပွဲ ပြင် ဆင် လေ ပြီ။ Judson Bible သူ၏အကောင်များကို သတ်၍၊ စပျစ်ရည်ကို ဖော်ပြီးမှ စားပွဲကို ခင်းလေပြီ။ |
ယောသပ်သည် သူတို့နှင့်အတူ ဗင်္ယာမိန်ကိုမြင်သောအခါ မိမိအိမ်ထိန်းအား “ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ တိရစ္ဆာန်ကိုသတ်၍ပြင်ဆင်ချက်ပြုတ်ထားလော့။ ဤသူတို့သည် ငါနှင့်အတူ နေ့လယ်စာ စားသောက်ကြလိမ့်မည်”ဟု မှာကြားလေ၏။
ထိုသို့ဖြစ်သူများမှာ စပျစ်ဝိုင်ကိုအချိန်ကြာမြင့်စွာ သောက်တတ်သူများ၊ ရောစပ်ထားသောစပျစ်ဝိုင်ကို သွား၍ရှာတတ်သူများပင်ဖြစ်ကြ၏။
အကျွန်ုပ်အား သွန်သင်လမ်းပြပေးခဲ့သော အကျွန်ုပ်၏မိခင်အိမ်သို့ အရှင့်ကို ဦးဆောင်ခေါ်သွားပါမည်။ အရှင့်ကို ရနံ့သင်းသောဝိုင်ဖြစ်သည့် သလဲသီးဝိုင်အသစ်ကို တိုက်ပါမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လူအပေါင်းတို့အတွက် အကောင်းဆုံးအစားအစာနှင့် နှစ်ချို့စပျစ်ဝိုင်စားသောက်ပွဲကို ဤတောင်ပေါ်၌ ပြင်ဆင်တော်မူမည်။ ထိုစားသောက်ပွဲတွင် အဆီအနှစ်နှင့်ပြည့်သောအကောင်းဆုံးအစားအစာများ၊ သန့်စင်ထားသောနှစ်ချို့စပျစ်ဝိုင်များဖြင့် တည်ခင်းတော်မူမည်။