သူသည် ထိုအရပ်၌ရက်အတန်ကြာနေလေ၏။ တစ်နေ့တွင် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးသည် ပြတင်းပေါက်မှလှမ်းကြည့်လိုက်ရာ ဣဇက်သည် မိမိမယားရေဗက္ကာနှင့် ဆော့မြှူကျီစယ်နေသည်ကိုမြင်၏။
သုတ္တံကျမ်း။ 7:6 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါ၏အိမ်ပြတင်းပေါက်ရာဇမတ်ကွက်ကြားမှ မျှော်ကြည့်သောအခါ Common Language Bible ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊ Garrad Bible ငါ့ အိမ် လေ သာ ပြူ တင်း မှ၊ စီး ကြည့် ၍ မြင် ရ သည် မှာ၊ Judson Bible ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍ မြင်ရသောအမှုဟူမူကား၊ |
သူသည် ထိုအရပ်၌ရက်အတန်ကြာနေလေ၏။ တစ်နေ့တွင် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးသည် ပြတင်းပေါက်မှလှမ်းကြည့်လိုက်ရာ ဣဇက်သည် မိမိမယားရေဗက္ကာနှင့် ဆော့မြှူကျီစယ်နေသည်ကိုမြင်၏။
ဒါဝိဒ်မြို့တွင်းသို့ ထာဝရဘုရား၏သေတ္တာတော် ဝင်ရောက်လာသောအခါ ရှောလုမင်းကြီး၏သမီးတော် မိခါလသည် ပြတင်းပေါက်မှလှမ်းကြည့်ရာ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်တွင် ကခုန်လျက်လိုက်ပါလာသည်ကို မြင်လျှင် သူ့စိတ်ထဲတွင် ဒါဝိဒ်မင်းကြီးကို မထီလေးစားပြုမိလေ၏။
သို့ပြုလျှင် ၎င်းတို့သည် အကျင့်ဖောက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း၊ စကားများဖြင့်မြှူဆွယ်တတ်သည့် ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။
သိသရ၏မိခင်သည် ရာဇမတ်ကွက်ပြတင်းပေါက်မှမျှော်ကြည့်၍ ‘ငါ့သား၏စစ်ရထားသည် အဘယ်ကြောင့် မပြန်လာသေးဘဲ ကြန့်ကြာနေရသနည်း။ ရထားဘီးသည် အဘယ်ကြောင့် နှေးနေရသနည်း’ဟု ငိုကြွေးမြည်တမ်းလေ၏။