အမှန်စင်စစ် မည်သည့်ကျေးငှက်၏မျက်စိရှေ့၌မဆို ပိုက်ကွန်ကိုထောင်လျှင် အလဟဿဖြစ်၏။
သုတ္တံကျမ်း။ 6:6 - မြန်မာ့စံမီသမ္မာကျမ်း အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့သွား၍ ၎င်း၏လုပ်ဆောင်မှုတို့ကိုကြည့်ရှုဆင်ခြင်လျက် ဉာဏ်ပညာရှိလော့။ Common Language Bible အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ Garrad Bible အ ချင်း လူ ပျင်း၊ ပ ရွက် ဆိတ် ရှိ ရာ သို့ သွား၍၊ ၎င်း တို့ အ ပြု အ မူ များ ကို ထောက် ရှု ပြီး လျှင်၊ ပ ညာ ကို နည်း ခိုး လော့။ Judson Bible အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ |
အမှန်စင်စစ် မည်သည့်ကျေးငှက်၏မျက်စိရှေ့၌မဆို ပိုက်ကွန်ကိုထောင်လျှင် အလဟဿဖြစ်၏။
ပျင်းရိသောသူသည် သူ့ကိုစေလွှတ်သောသူအတွက် သွားကိုထိသောရှာလကာရည်ကဲ့သို့လည်းကောင်း၊ မျက်စိထဲဝင်သောမီးခိုးကဲ့သို့လည်းကောင်း ဖြစ်၏။
လုံ့လနည်းသောလက်သည် ဆင်းရဲခြင်းကိုဖြစ်စေ၏။ ဝီရိယရှိသောလက်မူကား ချမ်းသာကြွယ်ဝစေ၏။
ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။
ပျင်းရိသောသူ၏လမ်းသည် ဆူးစည်းရိုးသဖွယ်ဖြစ်၏။ ဖြောင့်မှန်သောသူတို့၏လမ်းခရီးမူကား ပြန့်ပြူး၏။
ပျင်းရိခြင်းသည် အအိပ်ကြီးစေတတ်၏။ လုံ့လနည်းသောသူသည်လည်း ငတ်မွတ်ရလိမ့်မည်။
ပျင်းရိသောသူသည် မိမိ၏လက်ကိုပန်းကန်ထဲသို့နှိုက်သော်လည်း ၎င်းကို မိမိပါးစပ်ထဲသို့ ပြန်၍မသွင်းလို။
ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
ပျင်းရိသောသူ၏လက်သည် အလုပ်လုပ်ရန်ငြင်းဆန်သောကြောင့် သူ၏အလိုဆန္ဒသည် သူ့ကိုသေစေတတ်၏။
ပျင်းရိသောသူက “အပြင်ဘက်၌ ခြင်္သေ့ရှိ၏။ ငါသည် လမ်းမပေါ်တွင် ကိုက်သတ်ခံရလိမ့်မည်”ဟု ဆိုတတ်၏။
ငါ့သား၊ သင်သည်နားထောင်၍ ဉာဏ်ပညာရှိလော့။ သင်၏စိတ်နှလုံးကိုလည်း လမ်းတော်သို့ လိုက်စေလော့။
ခွန်အားကြီးသောအမျိုးမဟုတ်သော်လည်း နွေရာသီ၌ မိမိတို့၏အစားအစာကို ပြင်ဆင်တတ်သောပုရွက်ဆိတ်များ၊
အချင်းလူပျင်း၊ သင်သည် မည်မျှကြာအောင် အိပ်လျက်နေမည်နည်း။ မည်သည့်အချိန်မှ အိပ်ရာထမည်နည်း။
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
“မိုးကောင်းကင်၌ပျံဝဲသောငှက်ကျားပင်လျှင် ရာသီအချိန်ကိုသိ၏။ ချိုးငှက်၊ ကြိုးကြာ၊ ပျံလွှားတို့သည်လည်း သွားလာရမည့်အချိန်ကို မှတ်တတ်ကြ၏။ ငါ့လူမျိုးတော်မူကား ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်ကို မသိကြ။
သူ၏သခင်ကလည်း ‘ဆိုးညစ်၍ ပျင်းရိသောအစေအပါး၊ ငါသည် မစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်ကြောင်း သင်သိသည်မှန်လျှင်
မိုးကောင်းကင်ငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ၊ ရိတ်သိမ်းခြင်းနှင့် ကျီ၌စုသိမ်းခြင်းတို့ကိုလည်း မပြုကြ။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် အဖိုးထိုက်ကြသည်မဟုတ်လော။
လုံ့လဝီရိယစိုက်ထုတ်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဝိညာဉ်ရေး၌ထက်သန်လျက် သခင်ဘုရားကိုအစေခံကြလော့။
ဤသည်ကား သင်တို့သည် ပျင်းရိခြင်းမရှိဘဲ ယုံကြည်ခြင်းနှင့်စိတ်ရှည်ခြင်းတို့အားဖြင့် ကတိတော်ကိုအမွေဆက်ခံသောသူတို့အား အတုယူသူများဖြစ်ကြမည့်အကြောင်းတည်း။