သို့သော် သူသည် အဖမ်းခံရလျှင် ခုနစ်ဆပြန်လျော်ရမည်။ မိမိအိမ်၌ရှိသောစည်းစိမ်ဥစ္စာအားလုံးကိုပင် ပေးရမည်ဖြစ်၏။
တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
တွေ့ မိ လျှင် သူ သည် ခု နစ် ဆ ဆပ် ပေး၍၊ အိမ်၌ ရှိ သ မျှ ဥ စ္စာ ကို ပင် လျော် ပေး ရ၏။
တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
ထာဝရဘုရားကလည်း “သို့ဖြစ်လျှင် မည်သူမဆို ကာဣနကိုသတ်လျှင် ခုနစ်ဆသောလက်တုံ့ပြန်ခြင်းကို ခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ ကာဣနကိုတွေ့သောသူတစ်စုံတစ်ယောက်မျှ သူ့ကိုမသတ်မည့်အကြောင်း ထာဝရဘုရားသည် သူ၌ အမှတ်လက္ခဏာတစ်ခုကို ထားတော်မူ၏။
ဤသို့သနားညှာတာစိတ်ကင်းမဲ့စွာပြုသောသူသည် သိုးသငယ်မလေးအတွက် လေးဆပြန်လျှော်ရမည်”ဟု မိန့်ဆို၏။
ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။
အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
တွင်းပိုင်ရှင်သည် တိရစ္ဆာန်ပိုင်ရှင်အား ငွေအလျော်ပေးရမည်။ သေသောအကောင်ကိုကား သူပိုင်၏။
သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။
ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။