အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို မုန့်တစ်လုံးဖြင့်ရနိုင်၏။ လင်ရှိမယားမူကား အဖိုးတန်သောအသက်ကို လိုက်ဖမ်းတတ်၏။
သုတ္တံကျမ်း။ 6:27 - မြန်မာ့စံမီသမ္မာကျမ်း လူသည် မိမိအဝတ်ကို မလောင်စေဘဲ မိမိရင်ခွင်၌ မီးကိုပွေ့ပိုက်နိုင်မည်လော။ Common Language Bible လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။ Garrad Bible လူ သည် အ ဝတ် မ လောင် ဘဲ၊ မီး ကို ပိုက် ပွေ့ နိုင် သ လော။ Judson Bible လူသည် အဝတ်မလောင်ဘဲ မီးကို ပိုက်ဖက်နိုင်သလော။ |
အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို မုန့်တစ်လုံးဖြင့်ရနိုင်၏။ လင်ရှိမယားမူကား အဖိုးတန်သောအသက်ကို လိုက်ဖမ်းတတ်၏။
သို့မဟုတ် သူသည် မိမိခြေကို မလောင်မြိုက်စေဘဲ မီးခဲပေါ်တွင် လမ်းလျှောက်နိုင်မည်လော။
ထိုနည်းတူ လျှာသည်လည်း သေးငယ်သောအင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ မည်မျှလောက်သေးငယ်သောမီးသည် မည်မျှလောက်ကြီးမားသောသစ်တောကိုမီးစွဲလောင်စေနိုင်သည်ကို ကြည့်လော့။