ယောသပ်သည် ငြင်းဆန်၍ သူ့သခင်၏မယားအား “အကျွန်ုပ်၏သခင်သည် အိမ်၌ရှိသောအရာတို့ကိုမသိမမှတ်ပါ။ သူ၌ရှိသမျှသောအရာတို့ကို အကျွန်ုပ်လက်သို့အပ်ပါပြီ။
သုတ္တံကျမ်း။ 6:24 - မြန်မာ့စံမီသမ္မာကျမ်း မကောင်းသောမိန်းမ၏ဘေးရန်မှလည်းကောင်း၊ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ချော့မြှူသောစကားမှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။ Common Language Bible ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။ Judson Bible ဆိုးသော မိန်းမနှင့်လည်းကောင်း၊ အမျိုးပျက်သောမိန်းမ ချော့မော့တတ်သောနှုတ်နှင့်လည်းကောင်း လွတ်စေခြင်းငှာ၊ သင့်ကိုစောင့်ဖို့ရာ ဖြစ်သတည်း။ |
ယောသပ်သည် ငြင်းဆန်၍ သူ့သခင်၏မယားအား “အကျွန်ုပ်၏သခင်သည် အိမ်၌ရှိသောအရာတို့ကိုမသိမမှတ်ပါ။ သူ၌ရှိသမျှသောအရာတို့ကို အကျွန်ုပ်လက်သို့အပ်ပါပြီ။
အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။
ငါ့သား၊ သင်သည် အဘယ်ကြောင့် အကျင့်ဖောက်ပြားသောမိန်းမနှင့်ယစ်မူး၍ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ရင်ကို ပွေ့ဖက်ရသနည်း။
အကြောင်းမူကား အကျင့်ဖောက်ပြားသောမိန်းမ၏နှုတ်ခမ်းမှ ပျားရည်ယိုစီး၍ သူ၏နှုတ်သည် ဆီထက်ချောမွေ့၏။
ထိုမိန်းမသည် ဆွဲဆောင်သောစကားများစွာတို့ဖြင့် သူ့ကိုမြှူဆွယ်၍ မိမိနှုတ်ခမ်းမှ ချိုသာသောစကားဖြင့် သူ့ကိုသွေးဆောင်လေရာ
သို့ပြုလျှင် ၎င်းတို့သည် အကျင့်ဖောက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း၊ စကားများဖြင့်မြှူဆွယ်တတ်သည့် ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။