လုံ့လနည်းသောလက်သည် ဆင်းရဲခြင်းကိုဖြစ်စေ၏။ ဝီရိယရှိသောလက်မူကား ချမ်းသာကြွယ်ဝစေ၏။
သုတ္တံကျမ်း။ 6:11 - မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း သင့်ထံသို့ရောက်လာလိမ့်မည်။ Common Language Bible ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။ Garrad Bible သင်၌ ဆင်း ရဲ ခြင်း သည် ဓား ပြ ကဲ့ သို့ လည်း ကောင်း၊ နွမ်း ပါး ခြင်း သည် သူ ရဲ ကဲ့ သို့ လည်း ကောင်း၊ သင့် ရောက် လိမ့် မည်။ Judson Bible ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။ |
လုံ့လနည်းသောလက်သည် ဆင်းရဲခြင်းကိုဖြစ်စေ၏။ ဝီရိယရှိသောလက်မူကား ချမ်းသာကြွယ်ဝစေ၏။
ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။
ပျင်းရိခြင်းသည် အအိပ်ကြီးစေတတ်၏။ လုံ့လနည်းသောသူသည်လည်း ငတ်မွတ်ရလိမ့်မည်။
အအိပ်မမက်နှင့်။ အအိပ်မက်လျှင် ဆင်းရဲသွားလိမ့်မည်။ သင်၏မျက်စိကို ဖွင့်ထားလော့။ သို့ပြုလျှင် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။
ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
အကြောင်းမူကား အသောက်ကြူးသောသူနှင့် အစားကြူးသောသူသည် ဆင်းရဲသွားလိမ့်မည်။ ငိုက်မျဉ်းခြင်းသည်လည်း လူကိုအဝတ်စုတ်များဝတ်စေလိမ့်မည်။
ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း သင့်ထံသို့ရောက်လာလိမ့်မည်။