အကယ်စင်စစ် လူသွားရာလမ်းတို့သည် ထာဝရဘုရား၏မျက်မှောက်တော်၌ရှိ၍ ကိုယ်တော်သည် သူ၏လမ်းရှိသမျှတို့ကို ချင့်ချိန်သုံးသပ်တော်မူ၏။
လူသွားလာသမျှသော လမ်းတို့သည် ထာဝရ ဘုရားမျက်မှောက်တော်၌ ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။
လူ့ အ လေ့ အ လာ များ ကို ထာ ဝ ရ ဘု ရား သည် မျက် မှောက် ပြု တော် မူ လျက်၊ သွား ရာ လမ်း များ ကို လည်း စူး စမ်း တော် မူ၏။
လူသွားလာသမျှသောလမ်းတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏ခြေလှမ်းတို့ကို ရေတွက်တော်မူသော်လည်း အကျွန်ုပ်၏အပြစ်ကို မှတ်တော်မမူပါ။
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
ကိုယ်တော်သည် ငါလျှောက်သောလမ်းကို မြင်တော်မူသည်ဖြစ်၍ ငါ၏ခြေလှမ်းတိုင်းကို ရေတွက်တော်မူသည်မဟုတ်လော။
အကြောင်းမူကား ကိုယ်တော်သည် လူသွားသောလမ်းတို့ကို စောင့်ကြည့်၍ သူ့ခြေလှမ်းတိုင်းကို မြင်တော်မူ၏။
ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသောဗိမာန်တော်၌ စံနေတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် မျက်စိတော်ဖြင့်ကြည့်ရှု၍ မျက်ခမ်းတော်ဖြင့် လူသားတို့ကို စစ်ဆေးတော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့နှင့် သက်သေခံချက်တို့ကို စောင့်ထိန်းပါ၏။ အကြောင်းမူကား အကျွန်ုပ်၏လမ်းခရီးရှိသမျှတို့သည် ကိုယ်တော့်ရှေ့၌ရှိကြပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကိုစစ်ဆေးတော်မူ၏။ ညအချိန်၌ အကျွန်ုပ်ကို စစ်ကြောတော်မူ၏။ အကျွန်ုပ်ကိုစစ်ကြောလျှင်လည်း အကျွန်ုပ်၌မည်သည့်အရာမျှတွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် အပြစ်မကျူးလွန်မိစေရန် အကျွန်ုပ်စိတ်ပိုင်းဖြတ်ထားပါ၏။
ထာဝရဘုရား၏မျက်စိတော်သည် နေရာတိုင်း၌ရှိ၍ မကောင်းမှုပြုသောသူတို့နှင့် သူတော်ကောင်းတို့ကို စောင့်ကြည့်နေတော်မူ၏။
သင်လျှောက်ရာလမ်းကိုချင့်ချိန်သုံးသပ်လော့။ သို့ပြုလျှင် သင်၏လမ်းခရီးရှိသမျှတို့သည် တည်မြဲလိမ့်မည်။
သူသည် အသက်ရှင်ခြင်းလမ်းကို ချင့်ချိန်သုံးသပ်ခြင်းမရှိ။ သူ၏လမ်းတို့သည် ဦးတည်ရာမဲ့ဖြစ်နေသည်ကို သူမသိ။
ငါ့မျက်စိသည် သူတို့သွားသောလမ်းရှိသမျှတို့ကို မြင်၏။ သူတို့သည် ငါ့ရှေ့မှ မပုန်းရှောင်နိုင်။ သူတို့၏ဒုစရိုက်များကို ငါ့မျက်မှောက်မှ မဝှက်ထားနိုင်။
ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘောကို စစ်ဆေးတတ်၏။
“ငါမမြင်နိုင်အောင် ကွယ်ရာ၌ ပုန်းနိုင်သောသူ တစ်စုံတစ်ယောက်ရှိသလော”ဟု ထာဝရဘုရားမေးတော်မူ၏။ “ငါသည် ကောင်းကင်၊ မြေကြီးအနှံ့ ရှိသည်မဟုတ်လော”ဟု ထာဝရဘုရားမေးတော်မူ၏။
သူတို့သည် အစ္စရေးလူမျိုးတို့၌ ယုတ်ညံ့သောအမှုကိုပြုကြ၏။ အိမ်နီးချင်းတို့၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ ငါမမိန့်မှာဘဲ ငါ့နာမဖြင့် မဟုတ်မမှန်သောစကားကို ပြောဆိုကြ၏။ ငါသည် သိ၏။ ငါသည် သက်သေဖြစ်၏ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ပါရှိ၏။
ကိုယ်တော်၏အကြံအစည်တော်သည် ထူးကဲပါ၏။ ပြုတော်မူသောအမှုတော်သည် ကြီးမြတ်ပါ၏။ လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူသားတို့လျှောက်သောလမ်းအားလုံးကို စောင့်ကြည့်တော်မူ၏။
သူတို့ပြုသောမကောင်းမှုအားလုံးကို ငါမှတ်ထားကြောင်း သူတို့၏စိတ်ထဲ၌ မတွေးမိကြ။ ယခုမှာ သူတို့ပြုသောအမှုသည် သူတို့ကိုဝိုင်းထားလေပြီ။ သူတို့လုပ်သမျှကို ငါမြင်လေပြီ။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
သွာတိရမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မီးလျှံကဲ့သို့သောမျက်စိနှင့် တောက်ပသောကြေးဝါနှင့်တူသောခြေရှိသည့် ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။