အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 5:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ပြုလျှင် သင်​သည် အလိမ္မာဉာဏ်​ကို​စောင့်ထိန်း​နိုင်​၍ သင်​၏​နှုတ်ခမ်း​သည် အသိပညာ​ကို ထိန်းသိမ်းစောင့်ရှောက်​နိုင်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 5:2
11 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​၏​နှုတ်​ဖြင့် ကိုယ်တော်​၏​နှုတ်​တော်​ထွက် စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ပြောကြား​ပါ​၏​။


ကိုယ်တော်​သည် လူသား​တို့​ထက် အဆင်းလှ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ခမ်း​သည် ကျေးဇူး​တော်​ဖြင့် ဘိသိက်​ခံရ​ပါ​၏​။ ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အစဉ်အမြဲ​ကောင်းချီးပေး​တော်မူ​ပြီ​။


ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်​ကယ်တင်​ခြင်း​ကို အကျွန်ုပ် အကုန်အစင်​မ​သိ​နိုင်​သော်လည်း အကျွန်ုပ်​၏​နှုတ်​သည် ထို​အကြောင်း​တို့​ကို တစ်နေ့လုံး​ပြောကြား​ပါ​မည်​။


ဖြောင့်မတ်​သော​သူ​၏​နှုတ်ခမ်း​သည် များစွာ​သော​သူ​တို့​ကို ကျွေးမွေး​တတ်​၏​။ ဆိုးမိုက်​သော​သူ​တို့​မူကား အသိစိတ်​မ​ရှိ​သောကြောင့် သေ​ကြ​လိမ့်မည်​။


ပညာရှိ​သော​သူ​တို့​၏​လျှာ​သည် အသိပညာ​ကို​ထုတ်ဖော်​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မူကား မိုက်မဲ​ခြင်း​ကို​သွန်ထုတ်​တတ်​၏​။


ပညာရှိ​သော​သူ​တို့​၏​နှုတ်ခမ်း​သည် အသိပညာ​ကို​ပြန့်ပွား​စေ​တတ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား ထိုသို့​မ​ဟုတ်​ပေ​။


ပညာရှိ​သော​သူ​၏​စိတ်နှလုံး​သည် မိမိ​နှုတ်​ကို​ပညာသတိ​ရှိ​စေ​၍ မိမိ​နှုတ်ခမ်း​တွင် ပညာ​ကို​တိုးပွား​စေ​တတ်​၏​။


ရွှေ​ရှိ​၏​။ ပတ္တမြား​လည်း​များစွာ​ရှိ​၏​။ သို့သော် အသိပညာ​ရှိ​သော​နှုတ်ခမ်း​သည် အဖိုးတန်​သော​ရတနာ​ဖြစ်​၏​။


ငါ့​သား​၊ မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​နှင့် အလိမ္မာဉာဏ်​ကို​ထိန်းသိမ်းစောင့်ရှောက်​လော့​။ ၎င်း​တို့​ကို သင်​၏​မျက်မှောက်​မှ မ​ကွာ​စေ​နှင့်​။


အို ငါ့​သတို့သမီး​၊ သင့်​နှုတ်ခမ်း​တို့​သည် ပျားလပို့​မှ ပျားရည်​ယို​သကဲ့သို့ ဖြစ်​ပါ​၏​။ သင့်​လျှာ​အောက်​တွင် ပျားရည်​၊ နို့ရည်​တို့ ရှိ​ပါ​၏​။ သင့်​အဝတ်အစား​တို့​၏​ရနံ့​သည်​လည်း လက်ဘနွန်​ရနံ့​နှင့် တူ​ပါ​၏​။