ငါ့ဆရာတို့၏စကားကိုလည်း နားမထောင်၊ ငါ့ကိုသင်ကြားပေးသောသူတို့ကိုလည်း နားစွင့်ခြင်းမရှိခဲ့ပေ။
ငါ့ဆရာတို့၏ စကားကိုနားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီ တကား။
ဆ ရာ တို့ ကို နား မ ထောင်၊ ပဲ့ ပြင် သူ တို့၏ စ ကား ကို လည်း မ နာ မ ယူ ဘဲ နေ ခဲ့ မိ လေ ပြီ။
ငါ့ဆရာတို့၏စကားကို နားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီတကား။
သူသည် လူငယ်တို့ပေးသောအကြံအတိုင်း သူတို့အား “ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်”ဟု ပြန်ပြော၏။
ငါ့သား၊ သင့်ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်လော့။ သင့်မိခင်၏သွန်သင်ချက်ကိုလည်း မပစ်ပယ်နှင့်။
ငါသည် လူအစုအဝေးနှင့်လူထုပရိသတ်အလယ်၌ လုံးလုံးပျက်စီးသောသူဖြစ်လုနီးပြီတကား”ဟု ဆိုလိမ့်မည်။
ငါသည်ထ၍ ငါ့အဖေထံသို့သွားပြီး “အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။
ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။