သင်မတောင်းသောဓနဥစ္စာနှင့် ဘုန်းအသရေကိုလည်း သင့်အား ငါပေးဦးမည်။ သင်အသက်ရှင်သမျှကာလပတ်လုံး ရှင်ဘုရင်တို့တွင် သင်နှင့်တူသောသူ တစ်ယောက်မျှမရှိစေရ။
သုတ္တံကျမ်း။ 4:9 - မြန်မာ့စံမီသမ္မာကျမ်း ၎င်းသည် တင့်တယ်သောပန်းဦးရစ်ကို သင်၏ခေါင်းပေါ်၌တင်ပေး၍ ဂုဏ်ကျက်သရေရှိသောသရဖူကို သင့်အား အပ်နှင်းလိမ့်မည်။” Common Language Bible သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသောသရဖူကို အပ်နှံလိမ့်မည်။ Garrad Bible ဉာဏ် ပ ညာ သည် သင့် ကို တင့် တယ် သော ဦး ရစ် နှင့် ဆင် ယင်၍၊ ကျက် သ ရေ သ ရ ဖူ ဖြင့် ဖုံး လွှမ်း လိမ့် မည် ဟု မြွက် ဆို၏။ Judson Bible သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့် ပတ်ရစ်၍၊ ဘုန်းကြီးသော သရဖူကို အပ်နှံလိမ့်မည်။ |
သင်မတောင်းသောဓနဥစ္စာနှင့် ဘုန်းအသရေကိုလည်း သင့်အား ငါပေးဦးမည်။ သင်အသက်ရှင်သမျှကာလပတ်လုံး ရှင်ဘုရင်တို့တွင် သင်နှင့်တူသောသူ တစ်ယောက်မျှမရှိစေရ။
အကြောင်းမူကား ထိုအရာတို့သည် သင်၏ဦးခေါင်းအတွက် တင့်တယ်သောပန်းဦးရစ်၊ သင်၏လည်ပင်းအတွက် လည်ဆွဲဖြစ်ကြလိမ့်မည်။
အသိဉာဏ်နည်းပါးသောသူတို့သည် မိုက်မဲမှုကိုအမွေဆက်ခံရကြ၏။ ဆင်ခြင်ဉာဏ်ရှိသောသူတို့မူကား အသိပညာသရဖူကိုဆောင်းရကြ၏။
ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍ ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
သို့ပြုလျှင် ၎င်းတို့သည် သင်၏စိတ်ဝိညာဉ်အတွက် အသက်ဖြစ်ပြီး သင်၏လည်ပင်းအတွက် တင့်တယ်သောတန်ဆာဖြစ်လိမ့်မည်။
ငါ့သား၊ နားထောင်လော့။ ငါ့စကားကိုခံယူလော့။ သို့ပြုလျှင် သင့်အသက်တာ၏နှစ်ကာလတို့သည် များပြားလိမ့်မည်။
ထိုနေ့ရက်၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ကြွင်းကျန်သောလူမျိုးတော်တို့အတွက် ဘုန်းကြီးသောသရဖူ၊ ဂုဏ်ကျက်သရေရှိသောဦးရစ် ဖြစ်တော်မူမည်။
နူးညံ့သိမ်မွေ့၍ တည်ငြိမ်သည့်စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့် စိတ်နှလုံးနှင့်ဆိုင်သော အတွင်းဝိညာဉ်လူ၏တန်ဆာဆင်ခြင်းဖြစ်စေကြလော့။ ဤသည်ကား ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးထိုက်သောအရာဖြစ်၏။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မှေးမှိန်ခြင်းမရှိသော ဘုန်းအသရေနှင့်ပြည့်စုံသည့်သရဖူကို သင်တို့ရရှိကြလိမ့်မည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။