အကြောင်းမူကား ပညာရှိတို့သည် သေကြရသည့်နည်းတူ မိုက်မဲသောသူနှင့် အသိတရားမဲ့သောသူသည်လည်း ပျက်စီးသွား၍ မိမိတို့၏ဥစ္စာပစ္စည်းကို သူတစ်ပါးတို့အတွက်ထားခဲ့ရသည်ကို လူသည်တွေ့မြင်ရလိမ့်မည်။
သုတ္တံကျမ်း။ 30:2 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် ငါသည် လူတကာတို့ထက် အသိတရားမဲ့၍ ငါ၌လူ့အသိဉာဏ်မရှိ။ Common Language Bible အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။ Garrad Bible ငါ သည် လူ ဟူ သ မျှ ထက် ဉာဏ် တုံး၍၊ လူ့ ပ ဋိ ဘာန် မ ရှိ။ Judson Bible အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန်ဖြစ်၏။ လူဉာဏ်နှင့် မပြည့်စုံ။ |
အကြောင်းမူကား ပညာရှိတို့သည် သေကြရသည့်နည်းတူ မိုက်မဲသောသူနှင့် အသိတရားမဲ့သောသူသည်လည်း ပျက်စီးသွား၍ မိမိတို့၏ဥစ္စာပစ္စည်းကို သူတစ်ပါးတို့အတွက်ထားခဲ့ရသည်ကို လူသည်တွေ့မြင်ရလိမ့်မည်။
အကျွန်ုပ်သည် အသိတရားမဲ့၍ မည်သည့်အရာမျှမသိ။ ကိုယ်တော်၏ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ခဲ့ပါ၏။
ဤအရာသည် အသိတရားမဲ့သောသူမသိနိုင်သကဲ့သို့ မိုက်မဲသောသူနားမလည်နိုင်သည့်အရာဖြစ်၏။
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
ယာကေ၏သားအာဂုရ၏ဩဝါဒစကားများ။ အာဂုရသည် ဣသေလအား၊ ဣသေလနှင့်ဥကလတို့အား မိန့်ကြားသည်ကား
“ငါသည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၍ ငါ၏စိတ်နှလုံးသည် ဆိုဆုံးမစကားကို မထီလေးစားပြုခဲ့၏။
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားအပေါင်းတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုတို့သည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
မည်သူမျှ ကိုယ့်ကိုယ်ကိုယ်မလှည့်ဖြားစေနှင့်။ သင်တို့တွင် တစ်စုံတစ်ဦးက မိမိသည် ဤလောက၌ ပညာရှိဖြစ်သည်ဟုထင်မှတ်လျှင် ထိုသူသည် ပညာရှိဖြစ်နိုင်ရန် မိုက်မဲသောသူဖြစ်ပါစေ။
မည်သူမဆို တစ်စုံတစ်ရာကိုသိပြီဟုထင်မှတ်လျှင် ထိုသူသည် သိသင့်သည့်အတိုင်းပင် မသိသေး။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။