ငါ့အစေအပါးလည်း ငါခေါ်သည်ကိုပင် ပြန်မထူး။ ငါ့နှုတ်ဖြင့် သူ့ကို အသနားခံတောင်းပန်ရ၏။
သုတ္တံကျမ်း။ 29:19 - မြန်မာ့စံမီသမ္မာကျမ်း အစေအပါးကို စကားအားဖြင့်သာ ပဲ့ပြင်၍မရနိုင်။ သူသည် နားလည်သော်လည်း တုံ့ပြန်လိမ့်မည်မဟုတ်။ Common Language Bible စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။ Garrad Bible ကျွန် ကို စ ကား ဖြင့် မျှ ဆုံး မ၍ မ နိုင် ရာ။ နား လည် သော် လည်း လိုက် နာ မည် မ ဟုတ်။ Judson Bible စကားအားဖြင့်သာ ကျွန်ကိုဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲနေလိမ့်မည်။ |
ငါ့အစေအပါးလည်း ငါခေါ်သည်ကိုပင် ပြန်မထူး။ ငါ့နှုတ်ဖြင့် သူ့ကို အသနားခံတောင်းပန်ရ၏။
မြင်းအတွက်ကျာပွတ်၊ မြည်းအတွက်ဇက်ကြိုးရှိ၏။ မိုက်မဲသောသူ၏ကျောကုန်းအတွက်ကား ကြိမ်လုံးရှိ၏။
ဗျာဒိတ်နိမိတ်မရှိလျှင် လူတို့သည် စည်းလွတ်ဝါးလွတ်ပြုမူတတ်ကြ၏။ ပညတ်တရားကိုစောင့်ထိန်းသောသူမူကား မင်္ဂလာရှိ၏။
အလျင်စလိုစကားပြောဆိုတတ်သောသူကို သင်မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။