သူ၏ငယ်ပေါင်းကြီးဖော်လူငယ်တို့က “ ‘မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကိုတင်ခဲ့ပြီ။ ထိုထမ်းပိုးကိုပေါ့စေတော်မူပါ’ဟု လျှောက်တင်သောလူတို့အား ‘ငါ့လက်သန်းသည် ငါ့ခမည်းတော်၏ခါးထက်ပို၍ တုတ်၏။
သုတ္တံကျမ်း။ 28:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုးထွင်းဉာဏ်ကင်းမဲ့သောအုပ်ချုပ်သူမင်းသည် အလွန်ဖိနှိပ်ညှဉ်းပန်းတတ်၏။ မတရားသောအကျိုးစီးပွားကိုရွံမုန်းသောသူသည် အသက်ရှည်လိမ့်မည်။ Common Language Bible ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။ Garrad Bible ဉာဏ် ပ ဋိ ဘာန် မဲ့ သော မင်း သည်၊ ပြင်း ထန် စွာ ညှဉ်း ပန်း တတ်၏။ လော ဘ ကို ရွံ ရှာ သော မင်း မူ ကား၊ အ သက် တာ ရှည် လိမ့် မည်။ Judson Bible ဉာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ်၏။ လောဘကိုမုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့်မည်။ |
သူ၏ငယ်ပေါင်းကြီးဖော်လူငယ်တို့က “ ‘မင်းကြီး၏ခမည်းတော်သည် အကျွန်ုပ်တို့အပေါ် လေးသောထမ်းပိုးကိုတင်ခဲ့ပြီ။ ထိုထမ်းပိုးကိုပေါ့စေတော်မူပါ’ဟု လျှောက်တင်သောလူတို့အား ‘ငါ့လက်သန်းသည် ငါ့ခမည်းတော်၏ခါးထက်ပို၍ တုတ်၏။
သူသည် လူငယ်တို့ပေးသောအကြံအတိုင်း သူတို့အား “ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်”ဟု ပြန်ပြော၏။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
မတရားသောအကျိုးစီးပွားကိုတပ်မက်သောသူသည် မိမိအိမ်သူအိမ်သားတို့ကို ဒုက္ခပေးတတ်၏။ တံစိုးလက်ဆောင်ကိုမုန်းသောသူမူကား အသက်ရှင်ရလိမ့်မည်။
အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် သူငယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် နံနက်အချိန်၌ပင် စားသောက်ပွဲကျင်းပလျှင် သင်သည် အမင်္ဂလာရှိ၏။
တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။
ငါ၏လူမျိုးတော်ကို ကလေးသူငယ်တို့က ညှဉ်းဆဲကြ၏။ မိန်းမတို့က အုပ်စိုးကြ၏။ အို ငါ့လူမျိုးတော်၊ သင်တို့ကိုလမ်းပြသောသူတို့သည် သင်တို့ကို လမ်းလွဲစေ၍ သင်တို့၏လမ်းခရီးကို ရှုပ်ထွေးစေကြ၏။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။