အသက်ကြီးတိုင်း ပညာရှိသည်မဟုတ်။ သက်ကြီးဝါကြီးတိုင်း အမှန်တရားကို နားလည်သည်မဟုတ်။
သုတ္တံကျမ်း။ 28:11 - မြန်မာ့စံမီသမ္မာကျမ်း ချမ်းသာသောသူသည် ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု ထင်မြင်တတ်၏။ သို့သော် အသိဉာဏ်ရှိသောဆင်းရဲသားသည် သူ့ကိုစစ်ကြောလိမ့်မည်။ Common Language Bible ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဥာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။ Garrad Bible သူ ကြွယ် သည်၊ ကိုယ်၌ ပ ညာ ရှိ၏ ဟု ထင် တတ် သော် လည်း၊ ဉာဏ် ကောင်း သော ဆင်း ရဲ သူ သည်၊ ထို သူ့ ကို စိ စစ် လိမ့် မည်။ Judson Bible ငွေရတတ်သောသူက၊ ငါသည်ပညာရှိ၏ဟု ကိုယ်ကိုထင်တတ်၏။ ဉာဏ်ကောင်းသောဆင်းရဲသားမူကား၊ ထိုသူကို စစ်ကြောတတ်၏။ |
အသက်ကြီးတိုင်း ပညာရှိသည်မဟုတ်။ သက်ကြီးဝါကြီးတိုင်း အမှန်တရားကို နားလည်သည်မဟုတ်။
ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ၎င်းကို မြင့်မားသောတံတိုင်းနှင့်တူသည်ဟု သူထင်မှတ်တတ်၏။
မိမိအမှုကိုဦးစွာတင်ပြသောသူသည် အခြားသူရောက်လာ၍ ထိုအမှုကို မစစ်ကြောမီအထိ ဖြောင့်မတ်ဟန်ရှိ၏။
တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသားသည် ကောက်ကျစ်သောစကားကိုပြောဆိုသည့် လူမိုက်ထက် ပို၍ကောင်း၏။
ချမ်းသာကြွယ်ဝစေရန် ပင်ပန်းကြီးစွာမပြုနှင့်။ သင်၏အသိဉာဏ်အားဖြင့် ထိုသို့ပြုခြင်းကိုရပ်တန့်လော့။
မိမိကိုယ်ကို ပညာရှိဟု ထင်မြင်သောသူကို သင်တွေ့မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
ပျင်းရိသောသူသည် ဆင်ခြင်တုံတရားဖြင့် ဖြေကြားနိုင်သူခုနစ်ဦးထက် ပညာရှိသည်ဟု ကိုယ့်ကိုယ်ကိုယ်ထင်မြင်တတ်၏။
မိုက်မဲသောသူကို သူ၏မိုက်မဲမှုနှင့်အညီ ဖြေကြားလော့။ သို့မဟုတ်လျှင် သူသည် မိမိကိုယ်ကိုပညာရှိဟု ထင်မြင်လိမ့်မည်။
ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု မထင်မြင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာလော့။
မိမိကိုယ်မိမိပညာရှိသူ၊ အသိဉာဏ်ရှိသူဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။
ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
အချင်းချင်းတစ်စိတ်တစ်သဘောတည်းရှိကြလော့။ ထောင်လွှားသောသဘောမရှိဘဲ အခြေအနေနိမ့်ပါးသောသူတို့နှင့် ပေါင်းသင်းဆက်ဆံကြလော့။ မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍ မထင်မှတ်ကြနှင့်။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊