မိက္ခာယကို သွားခေါ်လာခဲ့သောတမန်ကလည်း မိက္ခာယအား “ကြည့်ပါ။ ပရောဖက်တို့က ရှင်ဘုရင်အဖို့ ကောင်းသောသတင်းတစ်မျိုးတည်းကို ဟောကြပြီ။ သင်သည်လည်း သူတို့နည်းတူ ကောင်းသောသတင်းတစ်မျိုးတည်းကိုသာ ဟောပါလော့”ဟု ဆို၏။
သုတ္တံကျမ်း။ 27:14 - မြန်မာ့စံမီသမ္မာကျမ်း နံနက်စောစောထ၍ မိမိ၏အိမ်နီးချင်းကို ကျယ်လောင်သောအသံနှင့် ကောင်းချီးပေးသောသူသည် ကျိန်ဆဲနေသည်ဟု မှတ်ယူခြင်းခံရလိမ့်မည်။ Common Language Bible နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။ Garrad Bible နံ နက် စော စော ထ၍၊ ကျယ် သော အ သံ နှင့် အ ပေါင်း အ ဖော် အား ကောင်း ကြီး ပေး သော သူ့ ကို၊ ကျိန် ဆဲ သော သူ ဟု ထင် မှတ် ကြ လိမ့် မည်။ Judson Bible နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းချီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။ |
မိက္ခာယကို သွားခေါ်လာခဲ့သောတမန်ကလည်း မိက္ခာယအား “ကြည့်ပါ။ ပရောဖက်တို့က ရှင်ဘုရင်အဖို့ ကောင်းသောသတင်းတစ်မျိုးတည်းကို ဟောကြပြီ။ သင်သည်လည်း သူတို့နည်းတူ ကောင်းသောသတင်းတစ်မျိုးတည်းကိုသာ ဟောပါလော့”ဟု ဆို၏။
ထိုအခါ အစ္စရေးဘုရင်သည် ပရောဖက်လေးရာခန့်ကိုစုရုံးစေပြီးလျှင် သူတို့အား “ရာမုတ်ဂိလဒ်မြို့ကို စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲနေရမည်လော”ဟု မေးလျှင် သူတို့က “စစ်ချီတော်မူပါ။ ဘုရားရှင်သည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ဆင့်ဆိုကြ၏။
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
ငြင်းခုံရန်တွေ့တတ်သောမယားသည် မိုးရွာသောနေ့တွင် အဆက်မပြတ် တစက်စက်ယိုကျသောမိုးရေနှင့်တူ၏။