ထိုအခါ အကျွန်ုပ်အားကဲ့ရဲ့ပြစ်တင်သောသူတို့ကို တုံ့ပြန်ပြောဆိုနိုင်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ကိုးစားပါ၏။
သုတ္တံကျမ်း။ 27:11 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သား၊ ဉာဏ်ပညာရှိလော့။ ငါ၏စိတ်နှလုံးကိုလည်း ဝမ်းမြောက်စေလော့။ သို့ပြုလျှင် ငါ့ကိုကဲ့ရဲ့ပြစ်တင်သောသူအား တုံ့ပြန်ပြောဆိုနိုင်လိမ့်မည်။ Common Language Bible ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။ Garrad Bible ငါ့ သား၊ ငါ့ ကို ကဲ့ ရဲ့ သူ့ အား ငါ ပြန် ချေ ခွင့် ရ စေ ရန်၊ ပ ညာ ရှိ လျက် ငါ့ စိတ် ကို ရွှင် လန်း စေ လော့။ Judson Bible ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။ |
ထိုအခါ အကျွန်ုပ်အားကဲ့ရဲ့ပြစ်တင်သောသူတို့ကို တုံ့ပြန်ပြောဆိုနိုင်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ကိုးစားပါ၏။
ထို့ကြောင့် ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ ကမ္ဘာမြေကြီးပေါ်ရှိတရားစီရင်သူတို့၊ ပဲ့ပြင်ခြင်းကိုခံယူကြလော့။
ရှောလမုန်၏သုတ္တံစကားများ။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေ၏။ မိုက်မဲသောသားမူကား သူ၏မိခင်အတွက် ပူဆွေးစရာဖြစ်၏။
ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေတတ်၏။ မိုက်မဲသောသားမူကား မိမိ၏မိခင်ကိုမထီမဲ့မြင်ပြုတတ်၏။
ပျင်းရိသောသူသည် ဆင်ခြင်တုံတရားဖြင့် ဖြေကြားနိုင်သူခုနစ်ဦးထက် ပညာရှိသည်ဟု ကိုယ့်ကိုယ်ကိုယ်ထင်မြင်တတ်၏။
ဆင်ခြင်ဉာဏ်ရှိသောသူသည် ဘေးအန္တရာယ်ကိုမြင်၍ ပုန်းရှောင်တတ်၏။ အသိဉာဏ်နည်းပါးသောသူသည် ဆက်သွား၍ အပြစ်ဒဏ်ခံရတတ်၏။
ဉာဏ်ပညာကိုချစ်သောသူသည် မိမိ၏ဖခင်ကိုဝမ်းမြောက်စေ၏။ ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်သောသူမူကား စည်းစိမ်ဥစ္စာကိုဆုံးရှုံးစေ၏။
ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
သင်၏သားသမီးအချို့တို့သည် ခမည်းတော်ဘုရားထံမှ ငါတို့ခံယူရရှိသောပညတ်တော်အတိုင်း သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေကြသည်ကို တွေ့ရသဖြင့် ငါအလွန်ဝမ်းမြောက်၏။