ဆိုးညစ်သောသူသည် ပုန်ကန်မှုကိုသာရှာကြံတတ်သည်ဖြစ်၍ ရက်စက်သောစေတမန်သည် သူ့ထံသို့စေလွှတ်ခြင်းခံရလိမ့်မည်။
သုတ္တံကျမ်း။ 26:17 - မြန်မာ့စံမီသမ္မာကျမ်း မိမိနှင့်မဆိုင်သောခိုက်ရန်ဖြစ်ပွားမှုကို ဝင်စွက်သောသူသည် ခွေးလေခွေးလွင့်၏နားရွက်ကို ဖမ်းဆွဲသောသူနှင့်တူ၏။ Common Language Bible လမ်း၌ရှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူ နှင့်တူ၏။ Garrad Bible လျှောက် သွား စဉ် အ ခါ၊ ကိုယ် မ ဆိုင် သော အ မှု တွင် ဝင် စွက် သော သူ သည်၊ ခွေး နား ရွက် ကို ကိုင် ဆွဲ သော သူ နှင့် တူ၏။ Judson Bible လမ်း၌လျှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူနှင့် တူ၏။ |
ဆိုးညစ်သောသူသည် ပုန်ကန်မှုကိုသာရှာကြံတတ်သည်ဖြစ်၍ ရက်စက်သောစေတမန်သည် သူ့ထံသို့စေလွှတ်ခြင်းခံရလိမ့်မည်။
မိုက်မဲသောသူ၏နှုတ်ခမ်းသည် ခိုက်ရန်ဖြစ်ပွားမှုထဲဝင်ပါတတ်၏။ သူ၏နှုတ်သည်လည်း ကြိမ်ဒဏ်ကိုဖိတ်ခေါ်တတ်၏။
ခိုက်ရန်ဖြစ်ပွားခြင်းကိုရှောင်ရှားသောသူသည် ဂုဏ်သရေရှိ၏။ ဆိုးမိုက်သောသူတိုင်းကား ခိုက်ရန်ဖြစ်တတ်ကြ၏။
မိမိ၏အိမ်နီးချင်းကို လှည့်စားပြီး “ငါသည် ကျီစားရုံသာဖြစ်၏”ဟု ပြောဆိုသောသူသည် သေစေတတ်သောမီးတုတ်နှင့် မြားကို ပစ်ခတ်တတ်သောအရူးနှင့်တူ၏။
သို့သော် ကိုယ်တော်က“အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့၏တရားသူကြီး၊သို့မဟုတ် ခုံလူကြီးအဖြစ် ခန့်ထားသနည်း”ဟု သူ့အားမိန့်တော်မူ၏။