သူသည် သင့်ကို အကြိမ်ပေါင်းများစွာအသနားခံလိမ့်မည်လော။ သင့်ကို ညင်သာစွာပြောဆိုလိမ့်မည်လော။
သုတ္တံကျမ်း။ 25:15 - မြန်မာ့စံမီသမ္မာကျမ်း စိတ်ရှည်ခြင်းအားဖြင့် ဦးစီးဦးဆောင်သူကို ဖျောင်းဖျနိုင်၏။ နူးညံ့သိမ်မွေ့သောစကားသည်လည်း အရိုးကိုကျိုးစေနိုင်၏။ Garrad Bible စိတ် ရှည် လျှင်၊ မင်း ကို ဖျောင်း ဖျ၍ ရ၏။ ချို သာ သော လျှာ လည်း၊ အ ရိုး ကို ပင် ကျိုး စေ နိုင်၏။ Judson Bible ကြာမြင့်စွာသည်းခံလျှင် မင်းကိုဖျောင်းဖျနိုင်၏။ ချိုသောစကားသည်လည်း အရိုးကျိုးအောင်တတ်နိုင်၏။ |
သူသည် သင့်ကို အကြိမ်ပေါင်းများစွာအသနားခံလိမ့်မည်လော။ သင့်ကို ညင်သာစွာပြောဆိုလိမ့်မည်လော။
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
ရှင်ဘုရင်၏အမျက်ဒေါသသည် သေခြင်း၏စေတမန်ဖြစ်၏။ သို့သော် ပညာရှိသောသူသည် ၎င်းကိုပြေစေတတ်၏။
စိတ်ရှည်သောသူသည် သူရဲကောင်းထက် ပို၍ကောင်း၏။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်သောသူသည်လည်း မြို့ကိုသိမ်းပိုက်နိုင်သောသူထက် ပို၍ကောင်း၏။
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
သူသည် ပျားရည်ကို လက်နှင့်နှိုက်စားပြီး ဆက်လာရာ မိဘရှိရာနေရာပြန်ရောက်လာသောအခါ မိဘကိုလည်းကျွေး၏။ သို့သော် ပျားရည်ကို ခြင်္သေ့အသေကောင်ထဲမှ နှိုက်လာကြောင်းကို မိဘတို့အား မပြောပြချေ။
ထိုအခါ အစေအပါးတို့ထဲမှ ငယ်သားတစ်ဦးက နာဗလ၏မယား အဘိဂဲလအား “ဒါဝိဒ်သည် တောကန္တာရမှ စေတမန်ကိုလွှတ်၍ အကျွန်ုပ်တို့သခင်အား နှုတ်ဆက်သည်ကို အကျွန်ုပ်တို့သခင်သည် သူတို့အား ရိုင်းပြစွာပြောဆိုလိုက်ပါ၏။