သုတ္တံကျမ်း။ 24:31 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ဆူးပင်များအပြည့်ပေါက်လျက် တစ်ပြင်လုံးပေါင်းပင်များဖုံးလွှမ်းကာ ၎င်း၏ကျောက်တံတိုင်းလည်း ပြိုပျက်လျက်ရှိ၏။ Common Language Bible ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊ Garrad Bible ဖုန်း ဆိုး ဖြစ် သည့် ပြင်၊ ကျောက် တံ တိုင်း လည်း ပြို လည်း ပြီ တ ကား။ Judson Bible ဆူးပင်များပြား၍၊ မြေတစ်ပြင်လုံး၌ ဆူးလေပင်အနှံ့အပြားလွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊ |
ဂျုံပင်အစား ဆူးပင်ပေါက်ပါစေ။ မုယောပင်အစား ပေါင်းပင်ပေါက်ပါစေ”ဟု မြွက်ဆိုလေ၏။ ယောဘပြောဆိုသောစကား ပြီးဆုံးပါပြီ။
ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ရှင်ခြင်းသို့ပို့ဆောင်ပေးသည်ဖြစ်၍ ထိုစိတ်သဘောရှိသောသူသည် ပြည့်စုံစွာနေရလျက် ဘေးအန္တရာယ်နှင့်ကြုံတွေ့ရလိမ့်မည်မဟုတ်။
ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
ပျင်းရိသောသူက “အပြင်ဘက်၌ ခြင်္သေ့ရှိ၏။ ငါသည် လမ်းမပေါ်တွင် ကိုက်သတ်ခံရလိမ့်မည်”ဟု ဆိုတတ်၏။
အကြောင်းမူကား အသောက်ကြူးသောသူနှင့် အစားကြူးသောသူသည် ဆင်းရဲသွားလိမ့်မည်။ ငိုက်မျဉ်းခြင်းသည်လည်း လူကိုအဝတ်စုတ်များဝတ်စေလိမ့်မည်။
ငါသည် ထိုအဖြစ်ကိုမြင်သောအခါ နှလုံးသွင်း၍ ငါတွေ့မြင်သောအရာကို သင်ခန်းစာယူ၏။
ပျင်းရိခြင်းကြောင့် အမိုးဒိုင်းသည် ဆွေးမြည့်တတ်၏။ ပျင်းတွဲသောလက်ကြောင့် အိမ်သည် မိုးယိုတတ်၏။
ယခု ငါ၏စပျစ်ခြံကို ငါမည်သို့ပြုမည်ကို သင်တို့အား ငါပြောမည်။ ခြံစည်းရိုးကို ငါဖယ်ရှားသဖြင့် စပျစ်ခြံသည် ဝါးမျိုဖျက်ဆီးခြင်းခံရမည်။ တံတိုင်းကို ငါဖြိုဖျက်သဖြင့် စပျစ်ခြံသည် နင်းချေခြင်းခံရမည်။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ထာဝရဘုရားက ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား “သင်တို့၏လယ်မြေကို ထွန်ယက်ကြလော့။ ဆူးပင်များကြားတွင် မျိုးမကြဲနှင့်။
ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။
အချို့တို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းတို့ကို ကာဆီးပိတ်ဆို့ကြ၏။
သို့ရာတွင် ဆူးပင်နှင့်ဆူးလေပင်များကိုပေါက်စေလျှင် အသုံးမဝင်သဖြင့် မကြာမီ ကျိန်ခြင်းခံရလျက် နောက်ဆုံး၌ မီးရှို့ခြင်းခံရ၏။