ထို့ကြောင့် အကျွန်ုပ်သည် ယုဒခေါင်းဆောင်တို့အား “သင်တို့ပြုသော ဤဆိုးညစ်မှုကား မည်သို့နည်း။ သင်တို့သည် ဥပုသ်နေ့ကို ညစ်ညူးစေကြပြီ။
သုတ္တံကျမ်း။ 24:25 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုဆိုးယုတ်သောသူကို ဆုံးမသောသူတို့သည် ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။ ကြွယ်ဝသောကောင်းချီးမင်္ဂလာသည်လည်း သူတို့အပေါ်သို့သက်ရောက်လိမ့်မည်။ Common Language Bible ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းကြီးမင်္ဂလာကို ခံလျက်ရှိကြ လိမ့်မည်။ Garrad Bible ဆုံး မ ပဲ့ ပြင် သော သူ တို့ မူ ကား၊ စိတ် သာ ယာ လျက် ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည်။ Judson Bible ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းချီးမင်္ဂလာကို ခံလျက်ရှိကြလိမ့်မည်။ |
ထို့ကြောင့် အကျွန်ုပ်သည် ယုဒခေါင်းဆောင်တို့အား “သင်တို့ပြုသော ဤဆိုးညစ်မှုကား မည်သို့နည်း။ သင်တို့သည် ဥပုသ်နေ့ကို ညစ်ညူးစေကြပြီ။
သို့ဖြစ်၍ ငါသည် သူတို့ကို ဆူပူကြိမ်းမောင်းပြီး ကျိန်ဆဲ၏။ အချို့ကိုရိုက်နှက်ဆုံးမ၏။ ဆံပင်ကိုဆွဲနုတ်၏။ ဘုရားသခင်ရှေ့၌ကျိန်ဆိုစေပြီးလျှင် သူတို့အား “သင်တို့၏သမီးများကို သူတို့၏သားများနှင့်မပေးစားရ၊ သင်တို့နှင့် သင်တို့၏သားများသည်လည်း သူတို့၏သမီးများကို မယူရ။
ထို့ပြင် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏မြေး ယောယဒ၏သားတစ်ယောက်သည် ဟောရနိလူမျိုး သမ္ဘာလတ်၏သမက်ဖြစ်သောကြောင့် သူ့ကို ငါနှင်ထုတ်ပစ်၏။
လူကိုဆုံးမသောသူသည် နောက်ဆုံးတွင် မြှောက်ပင့်ပြောဆိုသောသူထက် ပို၍မျက်နှာရလိမ့်မည်။
သင်၏ညီအစ်ကိုကို စိတ်ထဲ၌ အမုန်းမထားရ။ သင့်အိမ်နီးချင်းကြောင့် သင်အပြစ်မသင့်မည့်အကြောင်း သူ့ကို မဆုံးမဘဲမနေနှင့်။
အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။
ကျန်သောသူတို့သည်လည်း ကြောက်ရွံ့ခြင်းရှိကြစေရန် အပြစ်ပြုသောသူတို့ကို အားလုံးရှေ့၌ ဆိုဆုံးမလော့။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။
ဤသက်သေခံချက်သည်မှန်ပေ၏။ ထို့ကြောင့် ဂျူးလူမျိုးတို့၏ဒဏ္ဍာရီများနှင့် သမ္မာတရားကိုစွန့်ပယ်သောသူတို့၏ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာ၌ မှန်ကန်ပြည့်စုံမှုရှိကြရန် သူတို့ကို ပြင်းထန်စွာဆိုဆုံးမလော့။
သင်သည် ဤအရာများကို အမိန့်အာဏာအပြည့်အဝဖြင့်ဟောပြောလျက် တိုက်တွန်းနှိုးဆော်ကာ အပြစ်ကိုဖော်ပြလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။
သူ့သားတို့သည် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲစရာဖြစ်သည့်တိုင်အောင် အပြစ်ပြုသည်ကို သူသိသော်လည်း သူသည် သားတို့ကိုမဆုံးမသောကြောင့် ထိုဒုစရိုက်အပြစ်အတွက် ငါသည် သူ့အိမ်သူအိမ်သားတို့ကို အစဉ်ဒဏ်ခတ်မည်ဖြစ်ကြောင်း သူ့ကိုငါပြောထားပြီးဖြစ်၏။