မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
သုတ္တံကျမ်း။ 24:15 - မြန်မာ့စံမီသမ္မာကျမ်း အချင်းဆိုးယုတ်သောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို မချောင်းမြောင်းနှင့်။ သူအနားယူရာအရပ်ကို မဖျက်ဆီးနှင့်။ Common Language Bible အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။ Garrad Bible အ ချင်း လူ ဆိုး၊ သူ တော် ကောင်း၏ တည် နေ ရာ ကို၊ ချောင်း မြောင်း၍ မ နေ နှင့်။ နေ ထိုင် ရာ ကို လည်း မ ဖျက် ဆီး နှင့်။ Judson Bible အို မတရားသောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို ချောင်း၍မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။ |
မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူကို စောင့်ကြည့်၍ သူ့ကိုသတ်ရန်ရှာကြံတတ်၏။
သူတို့သည် ငါ့အသက်ကိုသတ်ရန် စောင့်မျှော်နေကြသည်နှင့်အညီ ပူးပေါင်းကြံစည်လျက်၊ ချောင်းမြောင်းလျက် ငါ၏ခြေလှမ်းများကိုစောင့်ကြည့်ကြ၏။
အကြောင်းမူကား သူတို့သည် အကျွန်ုပ်၏အသက်ကိုသတ်ရန် ချောင်းမြောင်းကြပါ၏။ ခွန်အားကြီးသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ပူးပေါင်းကြံစည်ကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကျူးလွန်သောအပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၏အပြစ်ကြောင့်လည်းမဟုတ်ပါ။
အကယ်၍ သူတို့က “ငါတို့နှင့်အတူလိုက်ခဲ့လော့။ တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ရန် ငါတို့ချောင်းမြောင်းကြစို့။ အကြောင်းမရှိဘဲ အပြစ်ကင်းသောသူကို ပုန်းအောင်းတိုက်ခိုက်ကြစို့။
ငါ၏လူမျိုးသည် ငြိမ်းချမ်းသောနေရာ၊ လုံခြုံသောအိမ်၊ ငြိမ်းအေးသောခိုနားရာ၌ နေရလိမ့်မည်။
ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
သို့သော် ပေါလုနှမ၏သားသည် ထိုချောင်းမြောင်းသတ်ဖြတ်မည့်အစီအစဉ်ကိုကြားလျှင် စခန်းထဲသို့ဝင်၍ ပေါလုအား ပြောပြလေ၏။
မိမိတို့အား ကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ပို့ပေးရန် သူ့အားတောင်းပန်ကြ၏။ အကြောင်းမှာ သူတို့သည် ပေါလုကို လမ်း၌ချောင်းမြောင်းသတ်ဖြတ်ရန် ကြံစည်ထားကြသောကြောင့်ဖြစ်၏။
သူတို့၏လျှို့ဝှက်ကြံစည်မှုကို ရှောလုသိသွားလေ၏။ သူတို့သည် သူ့ကိုသတ်ရန် နေ့ရောညပါ မြို့တံခါးများကို စောင့်ကြပ်ထားကြ၏။
ထိုမြို့သို့သွားရန် တောင်ကုန်းကိုတက်လာကြစဉ် ရေခပ်ထွက်လာသောမိန်းမပျိုတို့နှင့်တွေ့၍ “ဤမြို့တွင် စိတ်အာရုံရသူ ရှိပါသလော”ဟု မေး၏။