ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသိပညာ၏အရင်းအမြစ်ဖြစ်၏။ ဆိုးမိုက်သောသူတို့သည် ဉာဏ်ပညာနှင့် ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်ပြုတတ်ကြ၏။
သုတ္တံကျမ်း။ 23:9 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူ၏ရှေ့တွင် စကားမပြောနှင့်။ အကြောင်းမူကား သူသည် သင်၏စကားများ၌ပါသောဉာဏ်စွမ်းကို မထီမဲ့မြင်ပြုလိမ့်မည်။ Common Language Bible မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။ Garrad Bible မိုက် မဲ သူ နား ကြား အောင် မ ပြော နှင့်။ သင့် ပ ညာ စ ကား ကို မ ထီ မဲ့ မြင် ပြု လိမ့် မည်။ Judson Bible မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ပါသောပညာကို မထီမဲ့မြင် ပြုလိမ့်မည်။ |
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသိပညာ၏အရင်းအမြစ်ဖြစ်၏။ ဆိုးမိုက်သောသူတို့သည် ဉာဏ်ပညာနှင့် ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်ပြုတတ်ကြ၏။
မိုက်မဲသောသူ၏ရှေ့မှောက်မှ ထွက်သွားလော့။ အကြောင်းမူကား သူ့ထံမှ အသိပညာစကားကို သင်ရရှိမည်မဟုတ်။
ရှင်ဘုရင်က “သူ့အား ဘာမျှပြန်မပြောကြနှင့်”ဟု အမိန့်ရှိထားသောကြောင့် လူတို့လည်း ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
သန့်ရှင်းသောအရာကို ခွေးတို့အားမပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်တို့ရှေ့၌မချထားကြနှင့်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့ခြေဖြင့်နင်းချေပြီးလျှင် လှည့်လာ၍ သင်တို့ကိုကိုက်ဖြတ်ကြမည်ကိုစိုးရိမ်ရ၏။
ငွေကိုတပ်မက်သောဖာရိရှဲတို့သည် ဤအရာအားလုံးကိုကြားလျှင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။
သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။
ထိုအခါ ဂျူးလူမျိုးတို့က “သင့်ကိုနတ်ဆိုးပူးနေကြောင်း ယခု အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး ပရောဖက်တို့လည်း သေလွန်ကြပြီ။ သင်မူကား‘မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းကိုမြည်းစမ်းရမည်မဟုတ်’ဟု ဆိုပါသည်တကား။
ကိုယ်တော်နှင့်အတူရှိနေသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင် “အကျွန်ုပ်တို့သည်လည်း မျက်မမြင်များဖြစ်ကြသလော”ဟု မေးလျှောက်ကြ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။