လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
သုတ္တံကျမ်း။ 23:7 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူသည် မိမိစိတ်ထဲ၌ တွက်ချက်တတ်သောသူမျိုးဖြစ်၏။ သူသည် သင့်အား “စားလော့။ သောက်လော့”ဟု ဆိုသော်လည်း သင့်အပေါ် စေတနာစိတ်မရှိ။ Common Language Bible သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။ Garrad Bible ထို သူ သည် တွန့် တို တတ် သော စိတ် ရှိ လျက်၊ စား သောက် ပါ ဟု ဆို သော် လည်း၊ စိတ် စေ တ နာ မ ပါ သည် နှင့်၊ Judson Bible သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စားသောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။ |
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
သူ၏နှုတ်သည် ထောပတ်ကဲ့သို့ညက်ညောသော်လည်း သူ၏စိတ်နှလုံး၌ စစ်မက်ရှိ၏။ သူ၏စကားတို့သည် ဆီထက်ချောမွတ်သော်လည်း ဆွဲထုတ်ထားသောဓားများဖြစ်ကြ၏။
လူ့ထံမှအလိုရှိအပ်သောအရာကား သူ၏မေတ္တာကရုဏာဖြစ်၏။ ဆင်းရဲသောသူသည် လိမ်လည်သောသူထက် ပို၍ကောင်း၏။
မကောင်းသောစိတ်နှလုံးမှလာသည့် ချိုသာသောစကားတို့သည် ငွေချော်ဖြင့်မံထားသော မြေအိုးနှင့်တူ၏။
အမုန်းထားသောသူသည် မိမိ၏နှုတ်ဖြင့် ဟန်ဆောင်ပြောဆိုသော်လည်း သူ၏စိတ်နှလုံးထဲ၌ လိမ်လည်လှည့်ဖြားသောသဘောကို ဆောင်ထားတတ်၏။
သူ၏စကားသည် ချိုသော်လည်း သူ့ကိုမယုံနှင့်။ အကြောင်းမူကား သူ၏စိတ်နှလုံးထဲ၌ စက်ဆုပ်ရွံရှာဖွယ်ရာ ခုနစ်ပါးရှိ၏။
ထိုဘုရင်နှစ်ပါးစလုံးသည် မကောင်းမှုကိုပြုလိုသောစိတ်ရှိကြ၏။ သူတို့သည် စားပွဲတစ်ခုတည်းတွင် အတူထိုင်၍ မုသားစကားပြောဆိုကြလိမ့်မည်။ သို့သော် အဆုံးအတွက် သတ်မှတ်ထားသောအချိန်မရောက်သေးသောကြောင့် အောင်မြင်လိမ့်မည်မဟုတ်။
ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။
ဒေလိလကလည်း “သင်သည် စိတ်မပါဘဲ အကျွန်ုပ်ကို ချစ်သည်ဟု အဘယ်ကြောင့် ပြောရသနည်း။ အကျွန်ုပ်ကို သုံးကြိမ်တိုင်တိုင်လှည့်စားပြီ။ သင်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်သည်ကို အကျွန်ုပ်အား ယခုအထိမပြောသေး”ဟု ဆိုလေ၏။