အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ ဆိုးယုတ်သောအမှုတို့ကိုပြုစေရန် အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းမှုဘက်သို့တိမ်းညွတ်စေတော်မမူပါနှင့်။ ထိုသူတို့၏စားကောင်းသောက်ဖွယ်များကိုလည်း အကျွန်ုပ်မစားရပါစေနှင့်။
သုတ္တံကျမ်း။ 23:3 - မြန်မာ့စံမီသမ္မာကျမ်း သူ၏စားကောင်းသောက်ဖွယ်များကို မတောင့်တနှင့်။ အကြောင်းမူကား ၎င်းသည် လိမ်လည်မှုနှင့်ဆိုင်သောအစားအစာဖြစ်၏။ Common Language Bible ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။ Garrad Bible ထို မင်း၏ ခဲ ဖွယ် ဘော ဇဉ် သည်၊ လှည့် စား တတ် သော အ စာ ဖြစ်၍၊ တပ် မက် ခြင်း မ ရှိ နှင့်။ Judson Bible ထိုမင်း၏ ခဲဖွယ်စားဖွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာ ဖြစ်၏။ |
အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ ဆိုးယုတ်သောအမှုတို့ကိုပြုစေရန် အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းမှုဘက်သို့တိမ်းညွတ်စေတော်မမူပါနှင့်။ ထိုသူတို့၏စားကောင်းသောက်ဖွယ်များကိုလည်း အကျွန်ုပ်မစားရပါစေနှင့်။
စေးနှဲသောသူ၏အစားအစာကိုမစားနှင့်။ သူ၏စားကောင်းသောက်ဖွယ်များကိုလည်း မတောင့်တနှင့်။
ရှင်ဘုရင်သည် ထိုသူတို့အား ဘုရင်စားသောအစားအစာ၊ ဘုရင်သောက်သောစပျစ်ဝိုင်ကို နေ့စဉ်ကျွေးမွေး၍ သုံးနှစ်တိုင်တိုင် သင်ကြားလေ့ကျင့်ပေးစေ၏။ သုံးနှစ်စေ့သောအခါ ဘုရင့်ရှေ့တော်တွင် အမှုထမ်းရန် စီရင်၏။
ဒံယေလသည် ဘုရင့်အစားအစာနှင့် ဘုရင်သောက်သောစပျစ်ဝိုင်တို့ဖြင့် မိမိကိုယ်ကိုမညစ်ညူးစေရန် စိတ်ပိုင်းဖြတ်ထားသဖြင့် ထိုအရာတို့ဖြင့် မိမိကိုယ်ကိုညစ်ညူးအောင်မပြုပါရစေနှင့်ဟု နန်းတော်အုပ်ထံ အခွင့်တောင်းလေ၏။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍