ထိုသခင်မသည် ယောသပ်အား သူနှင့်အတူအိပ်ရန်၊ သူနှင့်အတူနေရန် နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း ယောသပ်သည် သူ့ကိုနားမထောင်ပေ။
သုတ္တံကျမ်း။ 23:27 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ပြည့်တန်ဆာသည် နက်သောတွင်းဖြစ်၏။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမသည်လည်း ကျဉ်းသောရေတွင်းဖြစ်၏။ Common Language Bible ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။ Garrad Bible ပြည့် တန် ဆာ သည်၊ နက် သော တွင်း ကျ သ ဖွယ်၊ မိန်း မ ပေါ့ လည်း၊ ကျဉ်း မြောင်း သော ချောက် သ ဖွယ် ဖြစ်၏။ Judson Bible ပြည့်တန်ဆာမသည် နက်သောကျုံးကဲ့သို့လည်းကောင်း၊ အမျိုးပျက်သောမိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့လည်းကောင်း ဖြစ်၏။ |
ထိုသခင်မသည် ယောသပ်အား သူနှင့်အတူအိပ်ရန်၊ သူနှင့်အတူနေရန် နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း ယောသပ်သည် သူ့ကိုနားမထောင်ပေ။
အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။
အကျင့်ဖောက်ပြားသောမိန်းမတို့၏နှုတ်သည် နက်သောတွင်းဖြစ်၏။ ထာဝရဘုရား၏အမျက်တော်သင့်သောသူသည် ထိုတွင်းထဲသို့ကျရောက်လိမ့်မည်။
ငါ့သား၊ သင်သည် အဘယ်ကြောင့် အကျင့်ဖောက်ပြားသောမိန်းမနှင့်ယစ်မူး၍ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ရင်ကို ပွေ့ဖက်ရသနည်း။
လမ်း၌ဖြတ်သန်းသွားလာသောသူများ၊ မိမိတို့လမ်းခရီးကို ဖြောင့်တန်းစွာသွားနေသောသူများအား