သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက် ပို၍မြတ်နိုးပါ၏။
သုတ္တံကျမ်း။ 23:23 - မြန်မာ့စံမီသမ္မာကျမ်း သမ္မာတရားကိုဝယ်ယူလော့။ မရောင်းနှင့်။ ဉာဏ်ပညာ၊ ဆုံးမပဲ့ပြင်ခြင်းနှင့် အသိဉာဏ်ကိုလည်း ထိုနည်းတူပြုလော့။ Common Language Bible သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။ Garrad Bible သ စ္စာ တ ရား မှ စ သော၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ ဩ ဝါ ဒ များ ကို ဝယ်၍၊ မ ရောင်း မ ချ ဘဲ ထား လော့။ Judson Bible သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်။ ပညာကိုလည်းကောင်း၊ ဆုံးမဩဝါဒကိုလည်းကောင်း၊ ဉာဏ်သတ္တိကိုလည်းကောင်း ထိုအတူပြုလော့။ |
သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက် ပို၍မြတ်နိုးပါ၏။
ကိုယ်တော်၏နှုတ်တော်ထွက်တရားသည် အကျွန်ုပ်အတွက် ထောင်ပေါင်းများစွာသောရွှေငွေတို့ထက် ပို၍ကောင်းပါ၏။
ရှောလမုန်၏သုတ္တံစကားများ။ ပညာရှိသောသားသည် ဖခင်ကိုဝမ်းမြောက်စေ၏။ မိုက်မဲသောသားမူကား သူ၏မိခင်အတွက် ပူဆွေးစရာဖြစ်၏။
ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။ ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။
မိုက်မဲသောသူသည် ဉာဏ်မရှိဘဲလျက် ဉာဏ်ပညာကိုဝယ်ယူရန် လက်ထဲ၌ငွေကိုင်ထားသည်မှာ အဘယ်ကြောင့်နည်း။
အသိဉာဏ်ရှိသောသူ၏စိတ်နှလုံးသည် အသိပညာကိုဆည်းပူးတတ်၏။ ပညာရှိသောသူတို့၏နားသည်လည်း အသိပညာကိုရှာဖွေတတ်၏။
ပြက်ရယ်ပြုတတ်သောသူကို မဆုံးမနှင့်။ ဆုံးမလျှင် သူသည် သင့်ကိုမုန်းလိမ့်မည်။ ပညာရှိသောသူကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကိုချစ်လိမ့်မည်။
အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့လာကြလော့။ မိမိ၌ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍စားကြလော့။ ငွေမပါဘဲ၊ အဖိုးအခမပေးဘဲ စပျစ်ဝိုင်၊ နို့တို့ကို လာ၍ဝယ်ကြလော့။
ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသော ဥစ္စာဘဏ္ဍာနှင့်တူ၏။ လူတစ်ဦးသည် ၎င်းကိုတွေ့သောအခါ ပြန်လည်ဝှက်ထားပြီးလျှင် ဝမ်းမြောက်စွာဖြင့်သွား၍ သူ၌ရှိသောအရာအားလုံးကိုရောင်းလျက် ထိုလယ်ကိုဝယ်လေ၏။
သူသည် အလွန်အဖိုးတန်သောပုလဲတစ်လုံးကိုတွေ့သောအခါ သွား၍ သူ၌ရှိသမျှတို့ကိုရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
သို့သော် အချုပ်အနှောင်နှင့် ဆင်းရဲဒုက္ခများသည် ငါ့ကိုစောင့်နေကြောင်း သန့်ရှင်းသောဝိညာဉ်တော်က မြို့တိုင်း၌ ငါ့အားသက်သေခံတော်မူသည်ကို ငါသိ၏။
သူသည် အကျိုးကျေးဇူးကို ရှေးရှုမျှော်မှန်းလျက်နေသောကြောင့် ခရစ်တော်အတွက်ကဲ့ရဲ့ပြစ်တင်ခြင်းခံရသည်ကို အီဂျစ်ပြည်၏ဥစ္စာဘဏ္ဍာများထက် ပို၍မြတ်သောစည်းစိမ်ဖြစ်သည်ဟု မှတ်ယူလေ၏။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။
သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။