ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။
သုတ္တံကျမ်း။ 23:14 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သူ့ကိုကြိမ်လုံးနှင့်ရိုက်၍ သူ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံမှကယ်နုတ်ရမည်။ Common Language Bible ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။ Garrad Bible သူ၏ အ သက် ကို မ ရ ဏာ့ နိုင် ငံ မှ ကယ် လွှတ် လိမ့် မည်။ Judson Bible ကြိမ်လုံးနှင့် ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နုတ်ရမည်။ |
ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။
မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံးတွင် နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် ဆုံးမပဲ့ပြင်သောကြိမ်လုံးသည် ၎င်းကို သူနှင့်ဝေးကွာစေလိမ့်မည်။
စီရင်ခြင်းခံရလျှင်လည်း လောကီသားတို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းမခံရမည့်အကြောင်း သခင်ဘုရား၏ဆုံးမတော်မူခြင်းကိုခံရကြ၏။
ထိုသူ၏ဝိညာဉ်သည် သခင်ဘုရား၏နေ့ရက်၌ ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏သွေးသားပျက်စီးဖို့ရန် ထိုသူကို စာတန်လက်သို့အပ်နှံလိုက်ပြီ။