ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။
သုတ္တံကျမ်း။ 23:13 - မြန်မာ့စံမီသမ္မာကျမ်း ကလေးသူငယ်ကို ဆုံးမပဲ့ပြင်ခြင်းမပြုဘဲမနေနှင့်။ သူ့ကိုကြိမ်လုံးနှင့်ရိုက်သော်လည်း သူမသေနိုင်။ Common Language Bible သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။ Garrad Bible သူ ငယ် ကို မ ဆုံး မ ဘဲ မ နေ သင့်။ ကြိမ် လုံး နှင့် ရိုက် နှက် လျှင် မ သေ မည် မ က၊ ကြိမ် လုံး နှင့် ရိုက် နှက် သ ဖြင့်၊ Judson Bible သူငယ်ကို မဆုံးမဘဲ မနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။ |
ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းသောသူဖြစ်၏။ သားကိုချစ်သောသူမူကား သူ့ကိုကြိုးစား၍ဆုံးမပဲ့ပြင်တတ်၏။
မျှော်လင့်ခြင်းရှိစဉ်အခါ သင်၏သားကိုပဲ့ပြင်လော့။ သူ့ကိုသေခြင်းသို့ရောက်စေလိုသည့် စိတ်ထားမျိုးမရှိစေနှင့်။
မိုက်မဲခြင်းသည် ကလေးသူငယ်၏စိတ်နှလုံးတွင် နှောင်ဖွဲ့လျက်ရှိ၏။ သို့သော် ဆုံးမပဲ့ပြင်သောကြိမ်လုံးသည် ၎င်းကို သူနှင့်ဝေးကွာစေလိမ့်မည်။
ကြိမ်လုံးနှင့်ဆိုဆုံးမစကားသည် ဉာဏ်ပညာကိုပေး၏။ လွှတ်ထားသောကလေးသူငယ်မူကား သူ၏မိခင်ကိုအရှက်ကွဲစေတတ်၏။
သင်၏သားကိုပဲ့ပြင်လော့။ သို့ပြုလျှင် သူသည် သင့်ကိုငြိမ်းချမ်းမှုပေး၍ သင်၏စိတ်ဝိညာဉ်ကို ကြည်နူးစေလိမ့်မည်။
ဘုရားသခင်သည် သင်တို့ကို သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ သင်တို့သည် ဆုံးမပဲ့ပြင်တော်မူခြင်းကို သည်းခံကြရမည်။ အကြောင်းမူကား ဖခင်မဆုံးမ မပဲ့ပြင်သောသားဟူ၍ရှိသလော။