အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 22:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​သည် ထာဝရဘုရား​ကို​ကိုးစား​မည့်​အကြောင်း သင့်​ကို အထူးသဖြင့်​သင့်​ကို ယနေ့ ငါ​သွန်သင်​လေ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား၌ အား ကိုး စေ ရန်၊ သင့် ကို ယ နေ့ ငါ သွန် သင်၏။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​သည်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​မည်​အ​ကြောင်း၊ သင့်​ကိုယ်​တိုင်​ကို ယ​နေ့ ငါ​သွန်​သင်၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 22:19
7 ပူးပေါင်းရင်းမြစ်များ  

အို လူ​များ​တို့​၊ ကိုယ်တော်​ကို အစဉ်အမြဲ​ယုံကြည်ကိုးစား​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​ကို ကိုယ်တော်​၏​ရှေ့​တော်​၌ ဖွင့်ဟ​ကြ​လော့​။ ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


ငါ​သည် အကြံပြုချက်​နှင့်​အသိပညာ​ဆိုင်ရာ စကား​အခွန်း​သုံးဆယ်​ကို သင့်​အတွက် ရေးထား​ပြီ​မ​ဟုတ်​လော​။


ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ယုံကြည်ကိုးစား​လော့​။ မိမိ​၏​အသိဉာဏ်​ကို အမှီ​မ​ပြု​နှင့်​။


ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ယုံကြည်ကိုးစား​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ခွန်အား​၊ ငါ​၏​တေးသီချင်း​၊ ငါ့​ကို ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​”​ဟု ဆို​လိမ့်မည်​။


ထာဝရဘုရား​ကို အစဉ်​ယုံကြည်ကိုးစား​ကြ​လော့​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​သော​ကျောက်​ဖြစ်​တော်မူ​၏​။


ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​၊ ထာဝရဘုရား​ကို မိမိ​ကိုးစား​ရာ​ဖြစ်​စေ​သော​သူ​သည် ကောင်းချီးမင်္ဂလာ​ခံစား​ရ​သော​သူ​ဖြစ်​၏​။


ကိုယ်တော်​အား သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​၍ ဘုန်း​အသရေ​ပေး​တော်မူ​သော​ဘုရားသခင်​ကို ကိုယ်တော်​အားဖြင့် သင်​တို့​ယုံကြည်​ကြ​၏။ သို့ဖြစ်၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်​မျှော်လင့်​ခြင်း​တို့​သည် ဘုရားသခင်​ထဲ၌​တည်ရှိ​ကြ​၏။