အကျွန်ုပ်သည် မေတ္တာကရုဏာတော်နှင့် တရားမျှတတော်မူခြင်းအကြောင်းကို သီကျူးပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
သုတ္တံကျမ်း။ 20:28 - မြန်မာ့စံမီသမ္မာကျမ်း မေတ္တာကရုဏာနှင့်သမ္မာတရားသည် ရှင်ဘုရင်ကိုကာကွယ်စောင့်ရှောက်တတ်၏။ ရာဇပလ္လင်သည်လည်း မေတ္တာကရုဏာအားဖြင့် မြဲမြံတတ်၏။ Common Language Bible ကရုဏာတရားနှင့်သစ္စာတရားသည် ရှင်ဘုရင် ကို စောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံတတ်၏။ Garrad Bible က ရု ဏာ နှင့် သ စ္စာ တ ရား သည် ဘု ရင် မင်း ကို စောင့် ထိန်း တတ်၏။ ရာ ဇ ပ လ္လင် လည်း၊ က ရု ဏာ တ ရား အား ဖြင့် တည် မြဲ၏။ Judson Bible ကရုဏာတရားနှင့် သစ္စာတရားသည် ရှင်ဘုရင်ကိုစောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာတရားအားဖြင့် မြဲမြံတတ်၏။ |
အကျွန်ုပ်သည် မေတ္တာကရုဏာတော်နှင့် တရားမျှတတော်မူခြင်းအကြောင်းကို သီကျူးပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
အကြောင်းမူကား ဘုရင်မင်းကြီးသည် ထာဝရဘုရားကိုယုံကြည်ကိုးစား၍ အမြင့်ဆုံးသောအရှင်၏မေတ္တာကရုဏာတော်ကို ခံစားရသဖြင့် သူသည် တုန်လှုပ်မည်မဟုတ်။
အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်အား သနားစုံမက်ခြင်းကို ချုပ်တည်းတော်မမူပါနှင့်။ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့် ကိုယ်တော်၏သမ္မာတရားသည် အကျွန်ုပ်ကို အစဉ်ကာကွယ်စောင့်ရှောက်ပါစေသော။
သူသည် ဘုရားသခင်၏ရှေ့တော်၌ အစဉ်အမြဲစိုးစံပါစေသော။ မေတ္တာကရုဏာနှင့်သမ္မာတရားသည် သူ့ကိုကာကွယ်စောင့်ရှောက်မည့်အကြောင်း စီရင်တော်မူပါ။
ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်းအားဖြင့် တည်မြဲသည်ဖြစ်၍ ရှင်ဘုရင်တို့သည် ဆိုးယုတ်သောအမှုပြုရမည်ကို စက်ဆုပ်ရွံရှာကြ၏။
မေတ္တာကရုဏာနှင့်သမ္မာတရားအားဖြင့် အပြစ်ဖြေလွှတ်ခြင်းခံရ၍ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းအားဖြင့် မကောင်းမှုမှဖယ်ခွာနိုင်၏။
ဆင်းရဲသောသူတို့ကို မှန်ကန်စွာတရားစီရင်သောရှင်ဘုရင်၏ ရာဇပလ္လင်သည် ထာဝစဉ်တည်မြဲလိမ့်မည်။
မေတ္တာကရုဏာနှင့်သမ္မာတရားကို သင့်ထံမှစွန့်ခွာမသွားစေနှင့်။ ၎င်းတို့ကို သင်၏လည်ပင်း၌ဆွဲထား၍ သင့်နှလုံးသားပြင်၌ ရေးထားလော့။
ရာဇပလ္လင်သည် မေတ္တာကရုဏာတော်အားဖြင့် တည်လိမ့်မည်။ ဒါဝိဒ်မင်းကြီး၏တဲတော်ရှိ ထိုပလ္လင်ပေါ်၌ သစ္စာရှိသောသူသည် ထိုင်တော်မူလျက် တရားစီရင်မည်။ တရားမျှတခြင်းကိုရှာဖွေမည်။ ဖြောင့်မတ်ခြင်း၌ စိတ်အားထက်သန်မည်။
အို အရှင်မင်းကြီး၊ အရှင်မင်းကြီး၏အိပ်မက်အနက်အဓိပ္ပာယ်နှင့် အကျွန်ုပ်၏အရှင်မင်းကြီးအပေါ် ကျရောက်လာမည့် အမြင့်ဆုံးသောအရှင်၏အမိန့်တော်ကား ဤသို့ ဖြစ်၏။