သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
သုတ္တံကျမ်း။ 20:21 - မြန်မာ့စံမီသမ္မာကျမ်း အစ၌ အလျင်စလိုရယူသောအမွေသည် အဆုံး၌ ကောင်းချီးမင်္ဂလာ မဖြစ်ပေ။ Common Language Bible အမွေဥစ္စာကို အစအဦး၌ အလျင်ရနိုင်သော် လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။ Garrad Bible အ စ အ ဦး၌ လော ဘ အ လိုက်၊ ဥ စ္စာ ပိုင် ရ သော် လည်း၊ အ ဆုံး တွင်၊ အ မင်္ဂ လာ တည် လိမ့် မည်။ Judson Bible အမွေဥစ္စာကို အစအဦး၌ အလျင်ရနိုင်သော်လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။ |
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
မိမိ၏မိခင်နှင့်ဖခင်တို့ကို ကျိန်ဆဲသောသူ၏မီးခွက်သည် မှောင်မည်းသောအမှောင်ထဲတွင် ငြိမ်းသွားလိမ့်မည်။
“မကောင်းမှုကိုငါတုံ့ပြန်မည်”ဟု မဆိုနှင့်။ ထာဝရဘုရားကိုသာ စောင့်မျှော်လော့။ သို့ပြုလျှင် ကိုယ်တော်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။
မုသားသုံးသောလျှာဖြင့် ဥစ္စာဘဏ္ဍာများကိုဆည်းပူးခြင်းသည် လွင့်သွားသောအခိုးအငွေ့ဖြစ်ပြီး သေခြင်းကိုရှာဖွေခြင်းဖြစ်၏။
ချမ်းသာကြွယ်ဝစေရန် ပင်ပန်းကြီးစွာမပြုနှင့်။ သင်၏အသိဉာဏ်အားဖြင့် ထိုသို့ပြုခြင်းကိုရပ်တန့်လော့။
သစ္စာရှိသောသူသည် ကောင်းချီးမင်္ဂလာများစွာခံစားရလိမ့်မည်။ အလျင်စလိုချမ်းသာကြွယ်ဝလိုသောသူမူကား အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
စေးနှဲသောသူသည် စည်းစိမ်ဥစ္စာရရန် အလျင်စလိုလုပ်ဆောင်သော်လည်း ဆင်းရဲခြင်းသည် သူ့ထံသို့ရောက်လာမည်ကို သူမသိချေ။
အတိုးချခြင်းနှင့် အမြတ်ကြီးစားခြင်းဖြင့် မိမိ၏စည်းစိမ်ဥစ္စာကိုတိုးပွားစေသောသူသည် ဆင်းရဲသောသူတို့ကိုသနားတတ်သောသူအတွက် စုဆောင်းနေခြင်းဖြစ်၏။
လူအပေါင်းတို့သည် သူ့ကို ပြောင်လှောင်ကြမည်မဟုတ်လော။ စကားထာဖွဲ့၍ သရော်ကြမည်မဟုတ်လော။ သူတို့က ‘ကိုယ်မပိုင်သောအရာကို သိမ်းယူသောသူ၊ အပေါင်ခံပစ္စည်းများဖြင့် ချမ်းသာအောင် လုပ်သောသူသည် အမင်္ဂလာရှိ၏။ မည်သည့်အချိန်ထိ ဤသို့ပြုမည်နည်း’ဟု ဆိုကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဤစာလိပ်ကို ငါစေလွှတ်သဖြင့် သူခိုး၏အိမ်ထဲ၌လည်းကောင်း၊ ငါ့နာမဖြင့် မဟုတ်မမှန်ကျိန်ဆိုသူ၏အိမ်ထဲ၌လည်းကောင်း ဝင်နေ၍ သစ်သား၊ ကျောက်တုံးတို့ပါမကျန် ထိုအိမ်ကို ဖျက်ဆီးပစ်လိမ့်မည်”ဟု ငါ့အား ပြောပြ၏။
သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့နာမကို မချီးမွမ်း၊ နှလုံးမသွင်းဘဲနေလျှင် သင်တို့အပေါ်သို့ ကျိန်ခြင်းကို ငါသက်ရောက်စေမည်။ သင်တို့၏ကောင်းချီးမင်္ဂလာကို အမင်္ဂလာ ဖြစ်စေမည်။ အကယ်စင်စစ် သင်တို့နှလုံးမသွင်းသောကြောင့် သင်တို့ကို ငါကျိန်ဆဲပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ရာထဲသို့လည်းကောင်း၊ ထောင်ချောက်ထဲသို့လည်းကောင်း၊ လူတို့ကို ပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲ၍အန္တရာယ်ရှိသည့် တပ်မက်ခြင်းအမျိုးမျိုးထဲသို့လည်းကောင်း ကျရောက်တတ်ကြ၏။