ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏ခြေအတွက် မီးခွက်ဖြစ်ပြီး အကျွန်ုပ်၏လမ်းခရီးအတွက် အလင်းဖြစ်ပါ၏။
သုတ္တံကျမ်း။ 2:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သင်သည် ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ သမာသမတ်ရှိခြင်းနှင့် ကောင်းမြတ်သောလမ်းရှိသမျှတို့ကို နားလည်လိမ့်မည်။ Common Language Bible ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။ Garrad Bible သို့ မှ သာ သင် သည် ဖြောင့် မတ် ခြင်း၊ တ ရား သ ဖြင့် စောင့် ခြင်း၊ တော် မှန် ညီ ညွတ် ခြင်း မှ စ၍၊ ကောင်း မြတ် သော အ လေ့ အ လာ ရှိ သ မျှ ကို နား လည် ခွင့် ရှိ လိမ့် မည်။ Judson Bible ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ်ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည်လိမ့်မည်။ |
ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏ခြေအတွက် မီးခွက်ဖြစ်ပြီး အကျွန်ုပ်၏လမ်းခရီးအတွက် အလင်းဖြစ်ပါ၏။
ကိုယ်တော်၏သက်သေခံချက်တို့သည် အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်သောကြောင့် အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် ပို၍ပညာသတိရှိပါ၏။
ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် မည်သူနည်း။ ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့်လမ်းကို သူ့အားသွန်သင်ပြသတော်မူလိမ့်မည်။
ငါသည် သင့်ကိုပညာသတိရှိစေ၍ သင်သွားရမည့်လမ်းကိုသွန်သင်ပြသမည်။ သင့်ကိုကြည့်ရှုလျက် အကြံပေးမည်။
မကောင်းမှုပြုသောသူတို့သည် တရားမျှတမှုကိုနားမလည်ကြ။ ထာဝရဘုရားကိုရှာသောသူတို့မူကား အပြည့်အဝနားလည်ကြ၏။
သင်လမ်းလျှောက်သောအခါ သင်၏ခြေလှမ်းသည် တားဆီးနှောင့်ယှက်ခြင်းခံရလိမ့်မည်မဟုတ်။ သင်ပြေးသောအခါလည်း ခလုတ်တိုက်လိမ့်မည်မဟုတ်။
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
ထိုအရပ်၌ လမ်းမကြီးတစ်လမ်းရှိ၏။ ထိုလမ်းကို သန့်ရှင်းသောလမ်းဟု ခေါ်ဝေါ်ကြလိမ့်မည်။ ထိုလမ်း၌ မစင်ကြယ်သောသူ သွားလာရမည်မဟုတ်။ ထိုလမ်းသည် ထိုလမ်းပေါ် လျှောက်မည့်သူတို့အတွက်သာဖြစ်၏။ ဆိုးမိုက်ခဲ့သောသူတို့ပင် ထိုလမ်းပေါ်ရောက်လျှင် လမ်းလွဲကြတော့မည်မဟုတ်။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင့်ကိုရွေးနုတ်သောထာဝရဘုရားက “ငါသည် သင့်အကျိုးအတွက် သွန်သင်ပေးသောအရှင်၊ သင်သွားသောလမ်းတွင် သင့်ကိုပို့ဆောင်ပေးသောအရှင်၊ သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထာဝရဘုရားက “လမ်းများ၌ရပ်၍ ကြည့်ကြလော့။ ရှေးလမ်းဟောင်းကို ရှာဖွေလျက် ကောင်းသောလမ်းအဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းကိုလိုက်လျှင် သင်တို့၏စိတ်ဝိညာဉ် သက်သာရာရလိမ့်မည်။ သို့သော် သူတို့က ‘ထိုလမ်းသို့ ငါတို့မလိုက်’ဟု ဆိုကြ၏။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။