သုတ္တံကျမ်း။ 2:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဖြောင့်မှန်သောသူတို့အတွက် မှန်ကန်ပြည့်စုံသောဉာဏ်ကိုသိုမှီးထား၍ တည်ကြည်စွာလျှောက်လှမ်းသောသူတို့အတွက် ဒိုင်းလွှားဖြစ်တော်မူ၏။ Common Language Bible ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။ Garrad Bible တ ရား နည်း လမ်း ကို ကြည့် ရှု၍၊ ကြည် ညို သူ တို့၏ အ လေ့ အ လာ ကို စောင့် ထိန်း ရန်၊ ဖြောင့် မှန် သူ တို့ အ ဖို့ အ မျှော် အ မြင် ပညာ ကို သိမ်း ဆည်း လျက်၊ ရိုး သား သူ တို့ အ တွက် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ Judson Bible ဖြောင့်မတ်သောသူတို့အဖို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့် ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။ |
ကိုယ်တော်သည် ငါ၏မေတ္တာကရုဏာရှင်၊ ငါ၏ရဲတိုက်၊ ငါ၏ခိုကိုးရာ၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါသည် ကိုယ်တော်ကို ခိုလှုံ၏။ ကိုယ်တော်သည် ငါ၏လူမျိုးကို ငါအုပ်စိုးရသောအခွင့်ပေးတော်မူ၏။
ငါသည် အသံကိုလွှင့်၍ ထာဝရဘုရားကိုခေါ်သောအခါ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောတောင်တော်ပေါ်မှ ငါ့ကိုထူးတော်မူ၏။(စေလာ)
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။
ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
ဘုရားသခင်၏မိန့်တော်မူချက်ရှိသမျှသည် ခိုင်လုံမှန်ကန်၏။ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် ကိုယ်တော်သည် ဒိုင်းလွှားဖြစ်တော်မူ၏။
ငါ၌ အကြံဉာဏ်နှင့် မှန်ကန်ပြည့်စုံသောဉာဏ်ရှိ၏။ ငါသည် အသိဉာဏ်ဖြစ်ပြီး ငါ၌အစွမ်းတန်ခိုးရှိ၏။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှိတို့၏ဉာဏ်ပညာကို ဖျက်ဆီးမည်။ ဉာဏ်ထက်မြက်သောသူတို့၏ဉာဏ်စွမ်းကိုလည်း ငါပစ်ပယ်မည်”ဟု ရေးထား၏။
သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။
သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။
ထိုခရစ်တော်ထဲ၌ ဉာဏ်ပညာနှင့်အသိပညာတို့၏ရတနာရှိသမျှတို့သည် ဖုံးကွယ်လျက်ရှိကြ၏။