အကျွန်ုပ်တို့သည် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်နှလုံးရှိလာမည့်အကြောင်း အကျွန်ုပ်တို့၏ နေ့ရက်များကို မှန်ကန်စွာရေတွက်နိုင်ရန် သွန်သင်တော်မူပါ။
သုတ္တံကျမ်း။ 2:2 - မြန်မာ့စံမီသမ္မာကျမ်း ဉာဏ်ပညာကို အာရုံစိုက်နားထောင်လျက် ထိုးထွင်းဉာဏ်ဘက်သို့ သင်၏စိတ်နှလုံးကို တိမ်းညွတ်စေလျှင်လည်းကောင်း၊ Common Language Bible စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊ Judson Bible စေတနာစိတ်နှင့် ဉာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်လည်းကောင်း၊ |
အကျွန်ုပ်တို့သည် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်နှလုံးရှိလာမည့်အကြောင်း အကျွန်ုပ်တို့၏ နေ့ရက်များကို မှန်ကန်စွာရေတွက်နိုင်ရန် သွန်သင်တော်မူပါ။
သူတစ်ပါးနှင့်မရောနှောသောသူသည် မိမိအလိုဆန္ဒကိုသာရှာကြံ၍ မှန်ကန်ပြည့်စုံသောဉာဏ်ပညာရှိသမျှကို ဆန့်ကျင်တတ်၏။
သားသမီးတို့၊ ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်ကြလော့။ အသိဉာဏ်ကိုရရှိရန် အာရုံစိုက်ကြလော့။
ငါ့သား၊ ငါပြောဆိုသောအရာတို့ကို အာရုံစိုက်နားထောင်လော့။ ငါ့စကားတို့ကို နားစွင့်လော့။
သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။ ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။
ငါသည် ဉာဏ်ပညာနှင့်အကြောင်းအကျိုးတို့ကို သိရှိ၍စူးစမ်းရှာဖွေရန်လည်းကောင်း၊ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း၏ဆိုးယုတ်မှုနှင့် ရူးသွပ်ခြင်း၏မိုက်မဲမှုတို့ကို သိရှိရန်လည်းကောင်း ငါ့စိတ်အာရုံကိုပြန်လှည့်လိုက်၏။
ငါသည် ဉာဏ်ပညာကိုသိရှိရန်လည်းကောင်း၊ လူသည် နေ့ရောညပါမအိပ်ဘဲ ကမ္ဘာမြေကြီးပေါ်တွင်လုပ်ဆောင်တတ်သောအလုပ်ကိုတွေ့မြင်ရန်လည်းကောင်း ငါ၏စိတ်ကိုပိုင်းဖြတ်ထားသောအခါ
ငါသည် နေအောက်တွင်ပြုသမျှသောအမှုအရာကို ဆင်ခြင်နှလုံးသွင်းသောအခါ ဤအရာအားလုံးကို တွေ့မြင်၏။ လူသည် အခြားသောသူကိုစိုးမိုး၍ သူကိုယ်တိုင် ဒုက္ခရောက်ရသောအချိန်ရှိ၏။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်၊ မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။