ကျန်ရှိနေသော ဩမရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သုတ္တံကျမ်း။ 19:28 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောသက်သေသည် တရားမျှတမှုကို ပြက်ရယ်ပြုတတ်၏။ ဆိုးယုတ်သောသူတို့၏နှုတ်သည်လည်း အပြစ်ဒုစရိုက်ကို ဝါးမျိုတတ်၏။ Common Language Bible အဓမ္မသက်သေသည် တရားကို မထီမဲ့မြင် ပြုတတ်၏။ မတရားသော သူသည်လည်း၊ ဒုစရိုက်ကို စား၍ မျိုတတ်၏။ Garrad Bible တ ရား မဲ့ သော သက် သေ သည်၊ ဖြောင့် မတ် ခြင်း တ ရား ကို မ ထီ လေး စား ပြု တတ်၏။ လူ ဆိုး တို့ လည်း၊ ဒု စ ရိုက် ကို စား မျို တတ် ၏။ Judson Bible အဓမ္မသက်သေသည် တရားကို မထီမဲ့မြင်ပြုတတ်၏။ မတရားသောသူသည်လည်း၊ ဒုစရိုက်ကိုစား၍ မျိုတတ်၏။ |
ကျန်ရှိနေသော ဩမရိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ စသည်တို့ကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
ထိုအခါ လူမိုက်နှစ်ဦးက သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်၍ “နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲပါပြီ”ဟု လူတို့ရှေ့တွင် သက်သေခံကြ၏။ ထို့နောက် သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီး ကျောက်ခဲနှင့်ပေါက်ကြသဖြင့် သူသေလေ၏။
ထိုသို့ဆိုလျှင် ရေသောက်သကဲ့သို့ မကောင်းမှုကိုပြု၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူ၊ အကျင့်ပျက်ပြားသောသူတို့မူကား အဘယ်သို့ဆိုဖွယ်ရာရှိမည်နည်း။
ယောဘနှင့်တူသောသူ ရှိသလော။ သူသည် ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ရေကဲ့သို့သောက်တတ်၏။
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
သူ၏လမ်းခရီးတို့သည် အစဉ်အမြဲချောမွေ့နေတတ်၏။ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် သူနှင့်အလှမ်းဝေးသည့် မြင့်သောအရပ်၌ရှိ၏။ သူသည် မိမိရန်သူရှိသမျှတို့ကို ပြောင်လှောင်တတ်၏။
အသိဉာဏ်ရှိသောသူ၏စိတ်နှလုံးသည် အသိပညာကိုရှာဖွေတတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်း၌ကျက်စားတတ်၏။
ဆိုးညစ်သောသူသည် မကောင်းမှုကိုတူးဆွတတ်၏။ သူ၏စကားသည်လည်း တောက်လောင်နေသော မီးကဲ့သို့ဖြစ်၏။
ငါ့သား၊ သင်သည် ဆုံးမပဲ့ပြင်ခြင်းကိုနားမထောင်တော့လျှင် အသိပညာစကားတို့မှ လမ်းလွဲသွားလိမ့်မည်။
ငါ့လူမျိုးတော်၏အပြစ်ဖြေရာယဇ်ကောင်ကို စားရသောကြောင့် လူတို့အပြစ်ပြုသည်ကို သူတို့နှစ်သက်သဘောကျကြ၏။